MNP ၊ စက်တင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယမန်နေ့နံနက် (၉:၃၀) အချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆေးကုသပေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုမှ လာရောက်အားပေးကြည့်ရှုကာ လိုအပ်သည်များကို မှာကြား၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုးဦးဆောင်၍ ဆရာ၊ ဆရာမများက အငြိမ်းစားဝန်ထမ်းများကို အပူချိန်များတိုင်းတာ၍ လည်းကောင်း၊ ဆီချို၊ သွေးချို၊ နှလုံးရောဂါ၊ လေးဘက်နာရောဂါ၊ အစာအိမ်ရောဂါ၊ သွေးတိုးရောဂါအစရှိသောရောဂါများကို အခမဲ့စမ်းသပ်ကုသပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် နိုင်ငံဝန်ထမ်းအငြိမ်းစားများကို နံနက် (၉:၃၀) အချိန်မှ ညနေ (၄:၀၀) အချိန်ထိ အခမဲ့ဆေးကုသပေးလျက်ရှိရာ အမျိုးသားလူနာသစ် (၉) ဦး၊ အမျိုးသားလူနာဟောင်း (၃၃) ဦး၊ အမျိုးသမီးလူနာသစ် (၈) ဦး၊ အမျိုးသမီးလူနာဟောင်း (၂၀) ဦး၊ စုစုပေါင်း (၇၀) ဦးခန့် ဆေးကုသမှုခံယူလျက်ရှိကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုးထံမှ သိရသည်။
လပြည့်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment