MNP ၊ စက်တင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က သီရိဇေယျနော်ရထာခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ အစည်းအဝေးတွင် ကမ်းပါးပြိုကျမှုနှင့်ပတ်သက်၍ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းပြီးစီးမှုကိစ္စရပ်များ၊ မြို့နယ်သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ၊ ပြည်သူများအား နေ့စဥ်စားသုံးဆီရောင်းချရန်ကိစ္စများ၊ စစ်ကြောင်းကြီး(၅)ကြောင်းမှ ခေါင်းဆောင်များအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ကြရန်၊ ရုံးများတွင် လူဝင်၊ လူထွက်များကို စနစ်တကျစစ်ဆေးရန်နှင့် မြို့နယ်ရှိဌာနဆိုင်ရာရုံးများ၏ ပတ်ဝန်းကျင်၌ သန့်ရှင်းရေးဆောင်ရွက်ကြရန်လိုအပ်ကြောင်းစသည့် လုပ်ငန်းများအား ရှင်းလင်းမှာကြားခဲ့သည်။
ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိဌာနတွင် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ရှေ့ဆောင်ရွက်မည့်လုပ်ငန်းများကို အသီးသီးရှင်းလင်းပြောကြားခဲ့ကြသည်။ အဆိုပါအစည်းအဝေးသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်ကျေးရွာစာရေးများ တက်ရောက်ခဲ့ကြသည်။
မြင့်ဇော်
https://t.me/MyanmarNationalPost
No comments:
Post a Comment