MNP ၊ စက်တင်ဘာ ၁၉
နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များအား အနားယူ အပန်းဖြေခရီးစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေသို့ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးမှတစ်ဆင့် မော်တော် ယာဉ်များဖြင့် ပို့ဆောင်ပေးရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီးပို့ဆောင်နှုတ်ဆက်ကြသည်။
ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေသို့ ရောက်ရှိလာ သည့် အရာရှိ၊ စစ်သည်များအား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။ ထို့နောက် ချောင်းသာအပန်းဖြေဧည့်ရိပ်သာ၌ တိုင်းမှူးက အမှာစကားပြောကြားကာ ဒေသထွက် စားသောက်ဖွယ်ရာများဖြင့် တည်ခင်း ဧည့်ခံ၍ လက်ဆောင်ပစ္စည်းများပေးအပ်သည်။
ထို့ပြင် အပန်းဖြေလာရောက်ကြသည့် အရာရှိ၊ စစ်သည်များသည် ပုသိမ်မြို့ရှိ ရွှေစာပုသိမ်ထီးလုပ်ငန်းအား သွားရောက်ကြည့်ရှုလေ့လာကြပြီး ရွှေမုဌောဘုရားအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment