ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့က သံဃာတော်(၂၄၂)ပါး သီလရှင်(၂၈)ပါး တို့အား ဝါဆိုသင်ကန်းဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့က သံဃာတော်(၂၄၂)ပါး သီလရှင်(၂၈)ပါး တို့အား ဝါဆိုသင်ကန်းဆက်ကပ်လှူဒါန်း








MNP ၊ စက်တင်ဘာ ၉

၉.၉ .၂၀၂၃ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးကျင်းပသော (ပထမ)အကြိမ် ကန့်ဘလူမြို့လုံးကျွတ်စုပေါင်း၍ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲနှင့် ဝါဆိုဆွမ်းဆပ်ကပ်ခြင်းကို ကန့်ဘလူမြို့ မဟာရွှေစည်ကြီး သာသနာ့ဗမ္မာန်တော်ခန်းမ၌ စီရင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အခမ်းအနားတွင် သံဃာတော်(၂၄၂)ပါး၊ သီလရှင်(၂၈)ပါး စုစုပေါင်း(၂၇၀)ပါးတို့အား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပြီး ဝါဆိုဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။ ဆက်လက်၍ ကန့်ဘလူမြို့ပေါ်ရှိ ကျောင်းတိုက် ၁၆ တိုက်မှ ဝါဆိုရဟန်းသံဃာ ၁၃၇ ပါး၊ သာမဏေကြီး ၅၂ပါး နှင့် သာမဏေရှင်ကြီး ၄၂ ပါး၊ သာမဏေရှင်လတ် ၁၁ ပါး၊ သီလရှင်ကျောင်းတိုက် ၃ တိုက်ရှိ သီလရှင် ၂၈ ပါး တို့အား ဝါဆိုသင်္ကန်းများကို ဌာနဆိုင်ရာဝန်ထမ်းများနှင့် အလှူရှင်များမှ စုပေါင်း၍ ဆပ်ကပ်လှူဒါန်းကြသည်။

အခမ်းအနားကို ကန့်ဘလူမြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရားတော်အား နာယူကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေပြီး ၁၀ နာရီအချိန်တွင် ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ပထမအကြိမ်မြောက် မြို့လုံးကျွတ်ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲအခမ်းအနား ပြီးစီးကာ ဆရာတော် သံဃာတော်များ သီလရှင်ဆရာလေးများအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း တက်ရောက်လာသည့် ဋ္ဌာနဆိုင်ရာဝန်ထမ်းများ ဧည့်ပရိတ်များအား နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

လုံခြုံရေးအတွက် တပ်၊ ရဲ၊ ပသစ၊ မီးသတ်၊ အုပ်မှူးများမှ လုံခြုံရေးတာဝန်ယူဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး အခမ်းအနားကို ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ၊ ကန့်ဘလူဗျူဟာမှူးကြီးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဋ္ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရွှေစည်ကြီးဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ စုစုပေါင်း အခမ်းအနားကို ရဟန်းလူပရိတ်သက်အင်အား (၁၀၀၀) ကျော်ခန့်တက်ရောက်ခဲ့ကြသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)