တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး၍ မြိတ်မြို့ သားဖွားသင်တန်းကျောင်းတွင် အရန်သားဖွား(၆)လသင်တန်း ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး၍ မြိတ်မြို့ သားဖွားသင်တန်းကျောင်းတွင် အရန်သားဖွား(၆)လသင်တန်း ဖွင့်လှစ်







MNP ၊  စက်တင်ဘာ  ၂၆

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ကျေးလက်ဒေသများအထိ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမှီ ရရှိကြစေရန်နှင့် ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပေါင်းကူးတံတားသဖွယ် ဆက်သွယ် ဆောင်ရွက်ပေးမည့် အရန်သားဖွားဆရာမများ မွေးထုတ်ပေးရန်အတွက် ဒုတိယအကြိမ် အရန်သားဖွား(၆)လသင်တန်းကို ယနေ့ နံနက်ပိုင်းက မြိတ်မြို့ သားဖွားသင်တန်းကျောင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး၍ ဖွင့်လှစ်ခဲ့သည်။


တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စေတနာ့ဝန်ထမ်း၊ ကျန်းမာရေးလုပ်သားများဖြစ်သော အရန်သားဖွား ဆရာမများကို မွေးထုတ်ပြီး ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ကျေးလက်ဒေသများအထိ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမှီရရှိကြစေရန် ရည်ရွယ်ချက်ဖြင့် အရန်သားဖွား(၆)လ သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်သည်။


သင်တန်းဖွင့်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက အရန်သားဖွား ဆရာမများသည် မိမိဒေသရပ်ရွာအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား စောင့်ရှောက်မှုပေးခြင်း၊ မီးဖွားပေးခြင်း အပါအဝင် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာလုပ်ငန်းများ တိုးတက်အောင်မြင်စေရန် ပံ့ပိုးကူညီနိုင်သည့် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်တိုင်း ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုခံယူနိုင်ရန် ကျွမ်းကျင်သူနှင့် မွေးဖွားရန်စတဲ့အချက်များသည် မိခင်နှင့်ကလေး ကျန်းမာရေးအတွက် အရေးကြီးဆုံး အခြေခံအချက်များဖြစ်ရာ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေကြသော အခြေခံကျန်းမာရေး ဝန်ထမ်းများနှင့် ပြည်သူလူထုအကြား ပေါင်းကူး တံတားသဖွယ် ဆက်သွယ်ဆောင်ရွက်ပေးခြင်းသည် အရန်သားဖွားဆရာမတို့၏ အဓိကအကျ ဆုံးတာဝန်တစ်ခုဖြစ်ကြောင်း အမှာစကားပြောကြားသည်။


ထို့နောက်  မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးမှ သူနာပြုအုပ် ဒေါ်ဥမ္မာညိုက သင်ကြားရေးအစီအစဉ်များကို ရှင်းလင်းတင်ပြပြီး သင်တန်းသူများမှ တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။ အဆိုပါ သင်တန်းတွင် စာတွေ့လက်တွေ့ ပေါင်းစပ်သင်ကြားမှု(၃)လနှင့် ကျေးလက်ကျန်းမာရေးဌာန များ၌ ကွင်းဆင်းလေ့လာသင်ကြားမှု(၃)လ စုစုပေါင်း သင်တန်းကာလ(၆)လအတွင်း ပြည်သူ့ ကျန်မာရေးဦးစီးဌာနမှ ထုတ်ဝေထားသော အရန်သားဖွားဆရာမ လက်စွဲစာအုပ် သင်ခန်းစာများကို သင်ကြားပေးသွားမည်ဖြစ်ပြီး မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များမှ သင်တန်းသူ (၃၆)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ခိုင်ထူး 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)