ကြို့ပင်ကောက်မြို့နယ်၌ ဆင်းသုခမိုးစပါး ရိတ်သိမ်းခြွေလှေ့နေမှုအား တာဝန်ရှိသူများကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြို့ပင်ကောက်မြို့နယ်၌ ဆင်းသုခမိုးစပါး ရိတ်သိမ်းခြွေလှေ့နေမှုအား တာဝန်ရှိသူများကြည့်ရှုအားပေး




MNP ၊  စက်တင်ဘာ  ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ တူးကံကျေးရွာအုပ်စု စိုက်ထွေသမအသင်းမှ အသင်းသားဦးအေးမြင့်၏ ဆင်းသုခမိုးစပါးရိတ်သိမ်းခြွေလှေ့နေမှုအား ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


တောင်သူဦးအေးမြင့်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆင်းသုခစပါး(၅)ဧကအား စိုက်ပျိုးထားကြောင်း နိုင်ငံ့စီးပွားမြင့်တင်ရေးအစီအစဉ်မှ ထုတ်ပေးသောသွင်းအားစု ပုလဲဓါတ်မြေဩဇာနှင့် ကွန်ပေါင်းမြေဩဇာကိုသာ အသုံးပြုထားကြောင်း တစ်ဧကလျှင် စပါးတင်း(၉၀)ခန့်ထွက်ရှိကြောင်း စိုက်ပျိုးမှုကုန်ကျစရိတ်အရင်းမှာ စုစုပေါင်း(၅)ဧကအတွက် ငွေကျပ် ၂၅ သိန်းခန့်ကုန်ကျကြောင်း လက်ရှိစပါးပေါက်ဈေးနှင့်ဆိုလျှင် ၁၂ သိန်းခွဲခန့်အမြတ်ကျန်ရှိမည်ဖြစ်ကြောင်း ပြောသည်။


တူးကံကျေးရွာအုပ်စုတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးကဏ္ဍဖြင့် တူးကံကျေးရွာစိုက်ပျိုးရေးသမအသင်းမှ မိုးစပါးဧက ၄၇ ဧကအား တောင်သူ ၁၆ ဦးမှ မိုးစပါးစိုက်ပျိုးထားကြောင်း ယမန်နှစ်က တစ်ဧလျှင် ပျမ်းမျှ တင်း ၇၀ ခန့်သာထွက်ရှိ၍ ယခုနှစ်တင်း ၉၀ ခန့် အနည်းဆုံးထွက်ရှိခဲ့ကြောင်း သဘာဝမြေဩဇာပေါင်းစပ်အသုံးပြုသော တောင်သူ၏လယ်မှာ တင်းတစ်ရာခန့် ထွက်ရှိမည်ဟုခန့်မှန်းထားကြောင်း မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးသန်းဌေးကပြောသည်။


ဇေယျာထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)