ရုရှား-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး (၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှား-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး (၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပ





MNP ၊ စက်တင်ဘာ ၁၃

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း သည် ဖနောင်ပင်မြို့ရှိ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံး၏ အစီအစဉ်ဖြင့် အဆိုပါ သံရုံးခန်းမ၌ ယနေ့ကျင်းပသည့် ရုရှား-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး (၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အစီအစဉ်အရ ရုရှားဖက်ဒရေးရှင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့၏ နိုင်ငံတော်သီချင်းနှင့် အာဆီယံသီချင်းတို့ဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ရုရှားသံအမတ်ကြီး H.E. Mr. Anatoly Borovik နှင့် အထူးဧည့်သည်တော် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၏ ဥရောပနှင့် အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ ဒုတိယဝန်ကြီး H.E. Dr. CHEM Widhya တို့က အသီးသီး မိန့်ခွန်းပြောကြားခဲ့ကြပြီး ရုရှားရိုးရာအစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကမ္ဘောဒီးယားလွှတ်တော်တို့မှ အဆင့်မြင့် အရာရှိကြီးများနှင့် ကမ္ဘောဒီးယားနိုင်ငံ အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များအပါအဝင် အခြား သံရုံး/အဖွဲ့ရုံးများမှ ကိုယ်စားလှယ်များနှင့် သတင်းမီဒီယာများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)