စစ်တွေမြို့၊ အမ်းမြို့နှင့် တောင်ကုတ်မြို့ရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေမြို့၊ အမ်းမြို့နှင့် တောင်ကုတ်မြို့ရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်


 MNP ၊ စက်တင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံ ဆေးကုသရေးအဖွဲ့ကကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးသည်။

ထို့သို့ ဆောင်ရွက်ပေးရာတွင် နယ်မြေခံဆေးကုသရေးအဖွဲ့က ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများအား အရိုး/အကြောရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် Ultrasound ဖြင့်ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများ ဆောင်ရွက် ပေးသည်။ ထို့ပြင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် စာသင်ခန်းနှင့် စာသင် ကျောင်းဝန်းအတွင်း ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ် ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အလားတူ အမ်းမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းနှင့် တောင်ကုတ် မြို့၊ အမှတ် (၃)အခြေခံပညာ အထက်တန်းကျောင်းတို့မှ ဆရာ/ဆရာမများနှင့် ကျောင်း သား/ကျောင်းသူများအား နယ်မြေခံဆေးကုသရေးအဖွဲ့များက အဆိုပါကျောင်းများ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးရာ တပ်နယ်အလိုက် တာဝန်ရှိ သူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment