ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် မုန်တိုင်းသင့်ပြည်သူများအတွက် ဆန်ရိက္ခာနှင့်စားသောက်ဖွယ်ရာများထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် မုန်တိုင်းသင့်ပြည်သူများအတွက် ဆန်ရိက္ခာနှင့်စားသောက်ဖွယ်ရာများထောက်ပံ့





MNP ၊  စက်တင်ဘာ  ၈

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ  ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့်  မုန်တိုင်းဘေးသင့်ပြည်သူများအတွက်  ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ် ခြင်းကို ယ နေ့၊ နေ့လယ် ၁ နာရီက  ပုဏ္ဏားကျွန်းမြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးဦးစီးဌာန၊ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ရုံဂိုဒေါင်အတွင်း၌ ထောက်ပံ့ပေးအပ်ခဲ့သည်။


ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် နိုင်ငံတော်အစိုးရထံမှ ပြန်လည် ထူထောင်ရေးအတွက် မုန်တိုင်းဘေးဒဏ်သင့်ပြည်သူများအား ထောက်ပံ့ပေးထားသည့်  ဆန်အိတ်(၃၁၃)အိတ်နှင့်စားသောက်ဖွယ်ရာများကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပုဏ္ဏားကျွန်း မြို့နယ်အတွင်းရှိ အလယ်ချောင်းကျေးရွာအုပ်စုအတွက် ၈၇ အိတ်၊ သင်ပုန်းတန်းကျေးရွာ အုပ်စုအတွက် ၁၃၉ အိတ်၊ ကံပြင်ကျေးရွာအုပ်စုအတွက် ၂၅ အိတ်၊ ကုလားချောင်းကျေးရွာ အုပ်စုအတွက် ၆၂ အိတ်၊ စုစုပေါင်းဆန်(၃၁၃)အိတ်နှင့်စားသောက်ဖွယ်ရာများကို မုန်တိုင်းဘေးဒဏ်သင့်သော အိမ်ထောင် စုလူဦးရေများအလိုက် သင့်ဆိုင် ရာ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံပေးအပ်ခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment