MNP ၊ စက်တင်ဘာ ၉
ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို လူထု လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီခွဲအချိန်တွင် ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ တောင်ကုတ်တပ်နယ်မှ အရာရှိ နှင့် စစ်သည် များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ စုပေါင်း၍ကုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် စုပေါင်း ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊တောင်ကုတ် တပ်နယ်မှအရာရှိနှင့်စစ်သည်များ၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား(၃၀၀)ဖြင့် ကုတင်(၁၀၀) ပြည်သူ့ဆေးရုံခြံဝန်း အတွင်းရှိ မြက်နှင့် ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း ၊ အမှိုက်ကောက်ခြင်း နှင့်ရေစီးရေလာကောင်းမွန်ရေး တို့အတွက်အမှိုက်များရှင်းလင်းခြင်း များကို စုပေါင်း ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့် အဖွဲ့ဝင်များ ၊အမှတ်(၅)၊စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ၊စစ်ဦးစီးပထမတန်း ဒုတိဗိုလ်မှူးကြီး အောင်ဇော်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment