ရသေ့တောင်မြို့၌ စားအုန်းဆီ တစ်ပိဿာကို ၄၇၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းဆီပိဿချိန် ၃၄၁၀၀ ကို ဈေးနှုန်းသက်သာစွာရောင်းချပေးခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ စားအုန်းဆီ တစ်ပိဿာကို ၄၇၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းဆီပိဿချိန် ၃၄၁၀၀ ကို ဈေးနှုန်းသက်သာစွာရောင်းချပေးခဲ့






MNP ၊  စက်တင်ဘာ  ၉

ရခိုင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ရသေ့တောင်မြို့ပေါ် ရပ်ကွက်များရှိ ဒေသခံ ပြည်သူများကို ယခုလ ပထမအပတ်အတွင်း စားအုန်းဆီ တစ်ပိဿာကို ၄၇၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ဆီပိဿချိန် ၃၄၁၀၀ ကိုဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်းသိရှိရသည်။


စားအုန်းဆီများ ဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းကို မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်း၏ အစီအစဉ်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။ ထိုသို့ ရောင်းချရာတွင် ရခိုင်ပြည် နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ရသေ့တောင်မြို့နယ် ကိုယ်စားလှယ် ဦးထွန်းမြ ဦးဆောင်သော အဖွဲ့က ဒေသခံပြည်သူများအား စားသောက်ရေး အဆင်ပြေစေရန် သက်သာသော စျေးနှုန်းဖြင့် စက်တင်ဘာ ၃ ရက်နေ့မှ ယနေ့ စက်တင်ဘာ ၉ ရက်နေ့အထိ လူတစ်ဦးလျှင် စားအုန်းဆီ တစ်ပိဿာ ၄၇၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ဆီပိဿချိန် ၃၄၁၀၀ ရောင်းချပေးခဲ့ခြင်းဖြစ်သည်။


        စားသုံးဆီများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုအပေါ် ယခုကဲ့သို့ စားသောက်ရေး အခက်အခဲ ဖြစ်ပေါ်နေချိန်တွင် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးသည့် တာဝန်ရှိသူများကို အထူးကျေးဇူးတင် ကြောင်းနှင့် နောက်ရက်များတွင်လည်း လာရောက် ရောင်းချပေးစေလိုကြောင်း ဈေးဝယ်လာသူပြည်သူ တစ်ဦးက ပြောသည်။ 


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost



No comments:

Post a Comment