ကျောက်ဆည်မြို့နယ်တွင် မြန်မာမျိုးရင်းအလုံးသေး ကြက်ဟင်းခါးမျိုး တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိသဖြင့် မိသားစုများစားဝတ်နေရေး အဆင်ပြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် မြန်မာမျိုးရင်းအလုံးသေး ကြက်ဟင်းခါးမျိုး တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိသဖြင့် မိသားစုများစားဝတ်နေရေး အဆင်ပြေ




MNP ၊  စက်တင်ဘာ  ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ရန်ပုံနှစ်ကျေးရွာတွင် မြန်မာမျိုးရင်း ကြက်ဟင်းခါးမျိုး တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။


ကြက်ဟင်းခါးစိုက်ပျိုးရာတွင် အပင်အသေအပျောက် မရှိစေရန်အတွက် အစေ့များကို မျိုးထုပ်များ ပြုလုပ်၍ ဦးစွာပျိုးထောင်ရကြောင်း၊ ပျိုးပင်သက်တမ်း (၁၂) ရက်သားတွင် ပြောင်းရွေ့စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် မြေပြင်တွင် ဖြန့်ကျက်စိုက်ပျိုးရသည့် မြန်မာကြက်ဟင်းခါး (အလုံးအသေး)မျိုး ဖြစ်သောကြောင့် (၁၀)ပေ အကျယ် မြေဘောင်များ ပြုလုပ်ပြီး  မြေဘောင်နှုတ်ခမ်းများတွင် (၃) ပေ အကွာ ကြက်ဟင်းခါးပျိုးပင်များ စိုက်ပျိုးရကြောင်း၊ အပင်ဖြစ်ထွန်းမှုနှင့် အသီးထွက်နှုန်း ကောင်းမွန်စေရန်အတွက် အမြစ်အားဆေးနှင့်  အပင်အားဆေးများ ဖျန်းပေးရပြီး မြေအစိုဓာတ်မပြတ် ရေသွင်းပေးရကြောင်း သိရသည်။


ခူးဆွတ်ရောင်းချရာတွင် အပင်သက်တမ်း (၄၅)ရက်သားမှ စတင်ကာ (၂)ရက်ခြားတစ်ကြိမ် ခူးဆွတ်ရောင်းချရပြီး စတင်ခူးဆွတ်ချိန်တွင် ပိဿာချိန် နည်းပါးသော်လည်း အသီးလှိုင်ချိန်တွင် တစ်ကြိမ်ခူးဆွတ်ပါက ပိဿာချိန်(၃၀)ခန့် ခူးဆွတ်ရကြောင်း ကြက်ဟင်းခါးအပင် (၅၅၀) စိုက်ပျိုးထားသည့် တောင်သူ ဒေါ်ဌေးဌေးဝင်က ပြောပြ၍ သိရှိရပြီး ရောင်းဈေးအနေဖြင့် (၁) ပိဿာလျှင် ငွေကျပ်(၁၂၀၀) ကျပ် ရောင်းချရသောကြောင့် မိသားစုများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။


သက်မောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)