ရုရှားသမ္မတပူတင် မြောက်ကိုရီးယားသို့ လာရောက်လည်ပတ်ဖို့ ကင်ဂျုံအန် ဖိတ်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားသမ္မတပူတင် မြောက်ကိုရီးယားသို့ လာရောက်လည်ပတ်ဖို့ ကင်ဂျုံအန် ဖိတ်ကြား


မော်စကို၊ စက်တင်ဘာ ၁၄ 

ရုရှားသမ္မတ ဗလာဒီမာပူတင် မြောက်ကိုရီးယားကို လာရောက်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ဖိတ်ကြားမှုအပေါ် ရုရှားသမ္မတပူတင်က သဘောတူခဲ့တယ်လို့ North Korean Central Telegraph Agency က ဖော်ပြပါတယ်။

ဧည့်ခံပွဲအပြီးတွင် ကင်ဂျုံအန်က သမ္မတပူတင်ကို အဆင်ပြေပြေ မြောက်ကိုရီးယားသို့ အချိန်မရွေးလာရောက်လည်ပတ်ရန် ယဉ်ကျေးစွာဖိတ်ကြားခဲ့ပါတယ်။ ဖိတ်ကြားချက်ကို သမ္မတက ဝမ်းမြောက်စွာ လက်ခံခဲ့ပြီး ရုရှား-ကိုရီးယား ချစ်ကြည်ရေးသမိုင်းကြောင်းနှင့် အစဉ်အလာများကို အစဉ်အမြဲ ဆက်လက်ထိန်းသိမ်းသွားရန် အဆင်သင့်ရှိကြောင်း ထပ်မံပြောကြားခဲ့ပါတယ်" ဟု ဖော်ပြထားပါတယ်။

အေဂျင်စီ၏အဆိုအရ မြောက်ကိုရီးယားခေါင်းဆောင်သည် ရုရှားနိုင်ငံသို့ လာရောက်လည်ပတ်မှုသည် နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုကို အဆင့်သစ်တစ်ခုသို့မြှင့်တင်ရန် အရေးပါသောအခိုက်အတန့်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။


Ref - RIA

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)