MNP ၊ စက်တင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်ကျင်းပသည့် ၂၄)ကြိမ်မြောက် ခရိုင်အဆင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ၌ ပုဏ္ဏားကျွန်းမြို့နယ်ကိုယ်စားပြု ဆုရရှိသူ များအား ထပ်ဆင့်ဂုဏ်ပြုပွဲကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီက ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမတွင်ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်စံဝင်းက ခရိုင်အဆင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် ပုဏ္ဏားကျွန်းမြို့နယ်ကိုယ်စားပြု ဆုရရှိသူများကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် အသိ အမှတ်ပြုပါကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါပြိုင်ပွဲများတွင် ပုဏ္ဏားကျွန်းမြို့နယ်က ပြိုင်ပွဲဝင်အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အခြေခံပညာ (၁၅-၂၀)အဆင့် အဆိုပြိုင်ပွဲ၌ ခေတ်ဟောင်းတေးနှင့် ကာလပေါ်တေးများဘာသာရပ်တွင် မစုဝေဖြိုးက ပထမဆုကိုလည်းကောင်း၊ မောင်မျိုးဟိန်းလှိုင်က အဆင့် မြင့်ပညာ အဆိုပြိုင်ပွဲ၌ ကာလပေါ်တေးများဘာသာရပ်တွင် ပထမ၊ အဆင့်မြင့်ပညာရှင်အဆင့် အဆိုပြိုင်ပွဲ၌ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြှင့်တင်ရေး ဘာသာ ရပ်တွင် ဒုတိယဆုနှင့် အဆင့်မြင့် ပညာအဆင့် တေးရေးပြိုင်ပွဲတွင် ပထမဆုတို့ကို အသီးသီးရရှိခဲ့ပြီး၊ ဝါသနာရှင်(ပထမတန်း) အဆင့် မယ်ဒလင် အတီးပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သော ဦးအောင်နိုင်ဝင်း တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်သိန်းဦး တို့က ဂုဏ်ပြုဆုငွေ တစ်သိန်းကျပ်နှင့် ဆုတံဆိပ်များ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲကို မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစေရန်၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် နှင့်တိုင်းရင်းသားစည်းလုံးညီညွှတ်မှုရရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment