ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး




MNP ၊  စက်တင်ဘာ  ၃၀

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)နှင့် တရုတ်လှတိုက်နယ်ဆေးရုံတို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။


ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)၏ ဂီလာနသံဃာဆောင်၊ ပြင်ပလူနာဌာန၊ မျက်စိကုသဆောင်၊ ဓါတ်ခွဲဆောင်၊ (၃)ထပ်တိုးချဲ့ဆောင်၊ (၄)ထပ်လူနာဆောင်၊ ဖျားနာဆောင်တို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်တပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၁၀၀၀ ဦးခန့်ဖြင့် ဆေးရုံအတွင်း၊ အပြင် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ သစ်ပင်၊ သစ်ကိုင်းများ ရှင်းလင်းခြင်း၊ ခြုံနွယ်ပေါင်းမြက်များခုတ်ထွင် ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများရေစီးရေလာကောင်းမွန်ရေး တူးဖော်ရှင်းလင်းခြင်းတို့ကို ယာဉ်၊ ယန္တရားများအသုံးပြု၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က စုပေါင်း သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ကြသူများအား ကောက်ညှင်းပေါင်းနှင့် အကြော်စုံတို့ကို ဝေငှပေးခဲ့ကာ ပြည်သူလူထု၏ ကျန်းမာရေးတိုးတက်ကောင်းမွန်လာစေရေးအတွက် ဆေးရုံများအား သန့်ရှင်းသပ်ရပ်သောပတ်ဝန်ကျင်ကောင်းများအဖြစ် အစဉ်ဖန်တီးပေးကြရန် ဆေးရုံအုပ်ကြီးနှင့်တာဝန်ရှိသူများအား မှာကြားခဲ့းသည်။


အလားတူ ယနေ့နံနက်ပိုင်းတွင် အိန္ဒုတိုက်နယ်ဆေးရုံနှင့် တရုတ်လှတိုက်နယ်ဆေးရုံတို့တွင်လည်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တရုတ်လှတိုက်နယ်ဆေးရုံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် တိုက်နယ်ဆေးရုံပရိဝုဏ်အတွင်း ဝန်ထမ်းနေအိမ်များပြည့်စုံ လုံလောက်မှုရှိ/မရှိ ကြည့်ရှုခဲ့ကြပြီး ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးမှာကြားကာ တိုက်နယ်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး၍ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တရုတ်လှကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၏ သင်ကြားသင်ယူပို့ချပေးနေမှုအခြေအနေ၊ ကျောင်းတွင်း စာသင်ဆောင်၊ စာသင်ခန်း၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်း၊ သန့်စင်ခန်းများ ပြည့်စုံလုံလောက်မှုရှိ/မရှိ ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားကာ အထွေထွေအသုံးစရိတ် ငွေကျပ် (၃)သိန်းကို ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)