MNP ၊ စက်တင်ဘာ ၃၀
အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် ဇနီးဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်းနှင့် ဇနီးဒေါ်ယမင်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ သက်ကြီးဘိုးဘွားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနား အဖွင့်ဂုဏ်ပြုအမှာစကားပြောကြာပြီး နောက်ဘိုးဘွားများက ခုနှစ်ထွေအကဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ Hand Clap သီချင်းအား Zumba အကဖြင့် ဖျော်ဖြေခြင်းများဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ ဂုဏ်ပြုခံဘိုးဘွားများအား ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီးဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်းနှင့် ဇနီးဒေါ်ယမင်းအောင်၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဂုဏ်ပြုလက်ဆောင်များကို ဘိုးဘွားများထံလက်ဝယ်အရောက် လိုက်လံပေးအပ်ခဲ့ကြပြီး ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ဘိုးဘွားများအား ဂုဏ်ပြုငွေများကို ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်စန္ဒာသွယ်တို့က ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ဂုဏ်ပြုခံဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး၍ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတွင် ခင်းကျင်းပြသထား ပန်းချီကားများ၊ လက်မှုပစ္စည်းများအား လိုက်လံကြည့်ရှုပြီး ဝယ်ယူအားပေးခဲ့ကြကြောင်း သိရသည်။
အောင်မြင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment