MNP ၊ စက်တင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် ပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ဝင်များအား စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ပံ့ပိုးမှုဖြင့် မွမ်းမံ အထူးသင်တန်းများ ပို့ချပေးလျက်ရှိရာ ယမန်နေ့ က ပြည်သူ့စစ်အထူးတပ်ဖွဲ့ဝင်များ မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပခဲ့ပြီး ညပိုင်းတွင် ကန့်ဘလူခရိုင်မှ ဗျူဟာမှူးနှင့် တပ်ရင်းမှူးတို့က ပြည်သူ့စစ်အထူးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုညစာစားပွဲဖြင့် ဂုဏ်ပြုဧည့်ခံခဲ့ကြောင်း သိရသည်။
ကန့်ဘလူခရိုင်အတွင်း တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကလည်း အကြမ်းဖက်အန္တရာယ်ကာကွယ်ရေးကို လက်တွဲဆောင်ရွက်လျက်ရှိရာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား မွမ်းမံသင်တန်း (၃)ကြိမ် ပို့ချခဲ့ပြီးဖြစ်သည်။
ယမန်နေ့က ကန့်ဘလူ၊ ကျွန်းလှ နှစ်မြို့နယ်မှ ပြည်သူ့စစ်မွမ်းမံသင်တန်းတက်ရောက်ကြသူများ သင်တန်းဆင်းပွဲကျင်းပခဲ့ပြီး သေနတ်ပစ်ပြိုင်ပွဲတွဲ မှော်တော်ကျေးရွာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးက ပထမဆု ရရှိခဲ့ကြောင်း သိရသည်။
KIA/PDF အကြမ်းဖက်သမားများက ကျေးရွာများအတွင်း ဝင်ရောက်၍ ၎င်းတို့အား ထောက်ခံအားပေးခြင်း မရှိသော ပြည်သူများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ ကျေးရွာများကို မီးဝင်ရှို့ခြင်းများ လုပ်ဆောင်ခဲ့ကြရာ ကိုယ့်ရပ်ကိုယ့်ရွာ ကာကွယ်ရေး ပြည်သူ့စစ်များ ဖွဲ့စည်းနိုင်ခဲ့ခြင်းကြောင့် အကြမ်းဖက်သမားများ ဝင်ရောက်နိုင်ခြင်း မရှိတော့ဘဲ ဒေသတွင်း အကြမ်းဖက်အန္တရာယ်များ လျော့ပါးလာခဲ့သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment