Pages

Pages

မြို့သစ်မြို့နယ်တွင် စားသုံးဆီတစ်ပိဿာ ၄၉၀၀ ကျပ်နှုန်းဖြင့် ဆီ(၈၈၀)ပိဿာ ရောင်းချပေး



MNP ၊  စက်တင်ဘာ  ၂၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း ကျေးရွာနေပြည်သူများအား စားသုံးမှုအဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ စားသုံးဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ယမန်နေ့ နံနက်ပိုင်းက မြို့သစ်မြို့၊ ဗိုလ်မင်းရောင်လမ်းပေါ်ရှိ "သီဟထွန်း၊ ဆီစက်နှင့် ဆန်/ဆီရောင်းဝယ်ရေး၊ သိန်းကမ္ဘာဆီရောင်းဝယ်ရေး၊ စိန်ရတနာဆီစက်နှင့် ဆီရောင်းဝယ်ရေးဆိုင်များတွင် ရောင်းချပေးခဲ့သည်။


အဆိုပါ စားသုံးဆီရောင်းချမှုကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ဆောင်ရွက်မှု၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ဖြင့် မြို့သစ်မြို့နယ် ဆီကုန်သည်များအသင်းနှင့် ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များပူးပေါင်း၍ အခြေခံလူတန်းစား ပြည်သူများအတွက် စားသောက်ကုန်ပစ္စည်များကို ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် စားသုံးဆီရည်ညွှန်းစျေးတစ်ပိဿာလျှင် (၄၉၀၀)ကျပ်နှုန်း၊ တစ်အိမ်ထောင်လျှင် စားသုံးဆီတစ်ပိဿာနှုန်းဖြင့် စုစုပေါင်းပိဿာချိန် (၈၈၀)ကို ရောင်းချပေးနိုင်ခဲ့‌ကြောင်း သိရသည်။


သန်းဝင်းထွန်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment