Pages

Pages

ဇမ္ဗူသီရိမြို့နယ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်နှင့် ရွှေကြာပင်ရွက်ကွက်များတွင် ပြည်သူများအား ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး


MNP ၊  စက်တင်ဘာ  ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊  သုခသိဒ္ဓိရပ်ကွက်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန  ဇမ္ဗူသီရိမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးထင်လတ်နှင့် ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့”ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားများကို ယမန်နေ့က သပြေကုန်းရပ်ကွက်၊ က‌မ္ဘောဇဘဏ် အမှတ်(၄)၊ ဧရာဝတီဘဏ် (၂)နှင့် ရွှေကြာပင်ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဇမ္ဗူသီရိမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးထင်လတ်နှင့် ဝန်ထမ်းများက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “ပန်းခင်းစီမံချက်(၂)”ဖြင့် အသက် ၁၀ နှစ်ပြည့်ပြီးသူများနှင့် အသက် ၁၈ နှစ်ပြည့်ပြီးသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ဥပဒေနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း၊ စီမံချက်ကာလအတွင်း နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရေး၊ နိုင်ငံသားတိုင်း ရယူပိုင်ဆိုင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှု အခြေအနေတို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် မြေပြင်ကွင်းဆင်းစစ်ဆေးချက်အရမျိုးမျိုးကြောင့် ကျန်ရှိနေသော ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရာတွင် ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းမှု မှန်ကန်စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်တို့ကို ဖြည့်စွက်ကူညီဆောင်ရွက်ပေးခဲ့ပြီး (Biomatrix Data)ကောက်ယူခြင်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အောင်သူရဦး 

https://t.me/MyanmarNationalPost





No comments:

Post a Comment