Pages

Pages

ပဲခူးမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ အသိပညာပေးသင်တန်းဖွင့်လှစ်




MNP ၊  စက်တင်ဘာ  ၂၆

ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပဲခူး​မြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းပြီး ကျောင်းသားလူငယ်များ ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ သိရှိစေရန် အသိပညာပေးသင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်းရှိ ကျောင်းခန်းမ၌ ဖွင့်လှစ်ခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ ကလေးသူငယ်များ ပညာသင်ယူခွင့်ရရှိရေး၊ ဗဟုသုတပြည့်ဝစေရေး၊ ကလေးသူငယ်အခွင့်အရေးများကို ကလေးသူငယ်တိုင်း အပြည့်အဝရရှိစေရေး၊ ကလေးသူငယ်များ၏ အနာဂတ်ဘဝပြည့်စုံစေရေး၊ နောင်တစ်ချိန်တွင် တိုင်းပြည်အတွက်အားထားရသည့် ကလေးများဖြစ်စေရေးတို့နှင့်ပတ်သက်၍ အသိပညာပေးအမှာစကားပြောကြားပြီး အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့နိုင်မောင်က အမှာစကားပြောကြားခဲ့သည်။


ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ပဲခူး​မြို့၊ အမှတ် (၂) မူလတန်းကြိုကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာဦးက ကလေးသူငယ်ရရှိနိုင်သည့် အခွင့်အရေးများ၊ မသန်စွမ်းကလေးများရရှိနိုင်သည့် အခွင့်အရေးများ၊  လိုက်နာရမည့်ကျင့်ဝတ်၊ စည်းကမ်းများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောသည်။


ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ သိလိုသည်များကိုမေးမြန်းရာ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် မူလတန်းကြိုကျောင်း၊ ကျောင်းအုပ်ဆရာမကြီးတို့က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။


သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost




No comments:

Post a Comment