MNP ၊ စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုတစ်ရပ်အဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ယမန်နေ့ ညနေပိုင်းက အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာဆရာမများအား သုတနှင့်ရသ စာအုပ်စာပေများကို အခမဲ့ လှည့်လည် ငှားရမ်းပေးခဲ့သည်။
ထိုသို့ စာအုပ်စာပေများ လှည့်လည်ငှားရမ်းပေးရာတွင် စာပေချစ်မြတ်နိုးသူများအနေဖြင့် စာအုပ်စာပေများကို စဉ်ဆက်မပြတ် လေ့လာဖတ်ရှုနိုင်ရန်၊ စာဖတ်သူဦးရေ တိုးပွားလာစေရန်၊ စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များအတွက် စာပေဖတ်ရှုနိုင်ရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများ ၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်နေပြည်သူများသို့ အပတ်စဉ် ကြာသပတေးနေ့တိုင်း ကွင်းဆင်းကာ ဖတ်ရှုလိုသည့် စာအုပ်စာပေများ ၊ မဂ္ဂဇင်း၊ ဝတ္ထုများကို စာဖတ်ပရိသတ်လက်ဝယ်အရောက် ငှားရမ်းပေးသွားမည်ဖြစ်ပြီး စာဖတ်သူဦးရေတိုးပွားရေး အကြံပြုချက်မှတ်တမ်းများကိုလည်း ရယူသွားမည်ဖြစ်ကြောင်း သိရသည်။
ချော
https://t.me/MyanmarNationalPost
No comments:
Post a Comment