MNP ၊ စက်တင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အတူ အစိုးရအဖွဲ့ဝန်ကြီးများ တိုင်းအဆင့် ခရိုင်အဆင့်ဌာနဆိုင်ရာများသည် ယမန်နေ့ညနေပိုင်းက မြို့နယ်အတွင်း စားသုံးဆီဖူလုံရေးအတွက်စိုက်ပျိုးထားသည့် ဆီထွက်သီးနှံမိုးမြေပဲစံကွက် ရိတ်သိမ်းခြင်းအား ကြည့်ရှုခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုင်းပြင်ကြီးအုပ်စု၊ ကိုင်းပြင်ကြီးကျေးရွာအနီး ကွင်းအမှတ် (၇၈၁/က)၊ ဦးပိုင်အမှတ် (၆၃) တောင်သူဦးတင်ဦး၏ ယာမြေ (၃) ဧက၌ ဗီယက်နမ်မျိုး ဆီထွက်သီးနှံမိုးမြေပဲမျိုးစေ့ထုတ်စံပြကွက် စံကွက်ရိတ်သိမ်း နေမှုအားကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်အတွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီဆီထွက်သီးနှံများဖြစ်သည့် မိုးမြေပဲ (၇၂၆) ဧက၊ မိုးနှမ်း (၁၂၀၁) ဧက၊ မိုးနေကြာ(၂၁)ဧက စုစုပေါင်း (၁၉၄၈) ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးထံမှ သိရသည်။
ပေါက်စ
https://t.me/MyanmarNationalPost
No comments:
Post a Comment