ကြံခင်းမြို့နယ်တွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်း (ချင်းမြောင်) ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တင်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်တွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်း (ချင်းမြောင်) ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တင်အခမ်းအနားကျင်းပ



MNP ၊  စက်တင်ဘာ  ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ကလို့ကွင်းအုပ်စုတွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်း (ချင်းမြောင်) ကျောင်းဆောင်သစ်ဆောက်လုပ်ရန်  ပန္နက်တင်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းဝန်းအတွင်း ကျင်းပခဲ့ ကြောင်း သိရသည်။


အခမ်းအနားတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုး၊ အမှတ်(၃၂) အကြီးစား စက်ရုံမှူး ဦးဝင်းနိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း (ချင်းမြောင်)ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးအေးမင်းနှင့် (Detail  Land  Company Co.Ltd) ကုမ္မဏီဒါရိုက်တာ ဦးသိန်းဇော်အေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မင်္ဂလာ အချိန်တွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ပန္နက်တင်ကာ အမွှေးနံ့သာရည်များ ပက်ဖျန်းကြသည်။


ဆက်လက်ပြီး (Detail Land Company Co.Ltd) ကုမ္မဏီမှ တာဝန်ခံအင်ဂျင်နီယာ ဦးထက်ဝေဦးက စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်း (ချင်းမြောင်) ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်းအား ရှင်းလင်းတင်ပြရာ  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ က အချိန်မီပြီးစီးရေး၊ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန်မှာကြားကြောင်း သိရသည်။


အဆိုပါ ကျောင်းဆောင်သစ်အားပညာရေးဝန်ကြီးဌာန၏ (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ် ပြည်ထောင်စု ဘတ်ဂျက်ငွေကျပ် (၈၆၄.၉၆၂) သန်းဖြင့်  အလျား(၁၇၄)ပေ၊ အနံ(၃၂)ပေ၊  အမြင့်(၃၈)ပေရှိ (RC) သုံးထပ်အမျိုးအစားဖြင့် ဆောက်လုပ်မှာဖြစ်ကြောင်း၊ (၂၀၂၄)ခုနှစ်၊ မတ်လကုန်တွင် (Detail Land Company Co.Ltd) ကုမ္မဏီမှ အပြီးဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံ က သိရသည်။


https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)