ပန်ဆောင်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးနှံရသေးသူများကို ကာကွယ်ဆေးများ ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်ဆောင်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးနှံရသေးသူများကို ကာကွယ်ဆေးများ ထိုးနှံပေး


MNP ၊  စက်တင်ဘာ  ၇

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့ နောင်ယန်းကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများကို စက်တင်ဘာ(၇)ရက် နံနက်ပိုင်းက စတင်ပြီး ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ လာရောက်ထိုးနှံ သူများပြားစည်ကားလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို သံဃာတော်(၁)ပါးနှင့် ဒေသခံပြည်သူများအဆင်ပြေစွာ ထိုးနှံပေးနှိင်ရေးအတွက် နောင်ယန်းကျေးရွာစာသင်ကျောင်းတွင် စုရပ်အဖြင့်ကျန်းမာရေးဝန်ထမ်းများက သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စနစ်တကျထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


ထိုပြင်ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား စိတ်အေးချမ်းသာစွာ ထိုးနှံနှိင်ရေးအတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၏အနီးကပ်ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၊ မီးတပ်တပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြကြောင်းနှင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံမည့်အချိန်တွင် မပြတ်မကွက်လာရောက် ထိုးနှံကြရန်တို့ကိုလည်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။


ဂျာယော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)