MNP ၊ စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ လမ်းခရီးသွားလာရာတွင် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းကို လေးစားလိုက်နာစေရန် ရည်ရွယ်၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမာလေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ယာဉ်ထိန်းတပ်ဖွဲ့စု (၃၅) မှ ဒုရဲမှူးလှိုင်ဝင်းအောင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ယာဥ်ထိန်းတပ်ဖွဲ့ဝင်များက တက်ရောက်လာကြသော ကျောင်းသား/ သူလေးများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ဟောပြောပွဲသို့ ယာဉ်ထိန်းတပ်ဖွဲ့စု (၃၅) မှ ဒုရဲမှူးလှိုင်ဝင်းအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူများ စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
မြမြဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment