ဧရာဝတီမြစ်ရေသည် မြန်အောင်မြို့၏ စိုးရိမ်ရေအမှတ်အထက်ရောက်ရှိ၊ မြန်အောင်ရေကာတာတစ်လျှောက် ရေကင်းစခန်း(၈) ခုထားရှိ၍ တာတမံထိန်းသိမ်းရေး စောင့်ကြပ်ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီမြစ်ရေသည် မြန်အောင်မြို့၏ စိုးရိမ်ရေအမှတ်အထက်ရောက်ရှိ၊ မြန်အောင်ရေကာတာတစ်လျှောက် ရေကင်းစခန်း(၈) ခုထားရှိ၍ တာတမံထိန်းသိမ်းရေး စောင့်ကြပ်ကြည့်ရှု





MNP ၊  စက်တင်ဘာ  ၇

ဧရာဝတီမြစ်ရေသည် ယနေ့နံနက် ၆း၀၀ နာရီအချိန် တိုင်းတာချက်အရ မြန်အောင်မြို့၏ စိုးရိမ်ရေအမှတ်အထက်တွင် ဆက်လက်တည်ရှိနေသောကြောင့် မြန်အောင်ရေကာတာတစ်လျှောက် ရေဘေးကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်နိုင်ရန် ရေကင်းစခန်း (၈)ခုထားရှိ၍ တာတမံထိန်းသိမ်းရေး စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ‌ရေးဦးစီးဌာနမှ သိရသည်။


 မြန်အောင်တာသည် အလျား(၃၉) မိုင်(၂)ဖာလုံခန့်ရှည်လျားပြီး ဧရာဝတီမြစ်ရေ ဝင်ရောက်မှုမှ ကာကွယ်နိုင်ရန်အတွက် ဧရာဝတီမြစ်မကြီး၏ လက်ယာဘက်ကမ်းဘေး တစ်လျှောက်တွင် တည်ဆောက်ထားသော အဓိကတာတမံကြီးတစ်ခုဖြစ်သည်။


မြန်အောင်မြို့နယ်အတွင်း မာလကာကုန်း၊ မကျီးစု၊ ကဇွန်းခုံ၊ ကနောင်၊ ညောင်ဝင်း၊ ရွှေကျင်၊ ကျွဲခေါင်းကြီး၊ ဗိုလ်ရုံစုစသည့် ရေကင်းစခန်း(၈)ခုထားရှိ၍ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးအဖွဲ့များက တာတမံလုံခြုံမှုစောင့်ကြပ်ခြင်း/ စောင့်ကြည့်ခြင်း လုပ်ငန်းများ၊ တာတမံထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မိုးရာသီမြစ်ရေကြီးချိန်တွင် သတိပြုရမည့် တာထိပ်ပေါ်ကျော်ခြင်း၊ ရေပေါက် (ထူးပေါက်)၊ တာအိ၊ သဲဗွက်ထ၊ တာကျွံခြင်းများ ဖြစ်ပေါ်လာပါက ကာကွယ်ရန် နည်းလမ်းများဖြစ်သော မြေသား သို့မဟုတ် သဲအိတ်ကန်သင်းဆင့်ခြင်း၊ မြေကတုတ်(ရေခွေ)တို့ဖြင့် အရေးပေါ်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် ရေကင်းစခန်းများတွင် ရေဘေးကာကွယ်ရေး ပစ္စည်းများ အသင့်စုဆောင်းထားရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီ မံခန့်ခွဲ‌ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဌေးထံမှသိရသည်။


ဝင်းဗိုလ် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)