ငဖဲမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ



MNP ၊  စက်တင်ဘာ  ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


အစည်းအဝေးတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများအနေဖြင့် မိမိအုပ်စုအတွင်း လယ်ယာမြေစိုက်ပျိုးဧကစာရင်းများ မှတ်တမ်းပြုစုထားရန်၊ တောင်သူများ ဆောင်းနေကြာစိုက်ပျိုးရေး စည်းရုံးဆောင်ရွက်ရန်၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးရုံးများ ဉပဓိရုပ်သန့်ရှင်းသာယာရေးနှင့် ရုံးဆိုင်းဘုတ်များ သစ်လွင်လှပရေးဆောင်ရွက်ရန်၊ ဌာနဆိုင်ရာရုံးများတွင် လိုင်စင်မဲ့မော်တော်ယာဉ်များ မရှိစေရေးတင်ပြရန်၊ လျှပ်စစ်ထရန်စဖော်မာများ ခိုးယူခံရမှုမဖြစ်ပေါ်စေရေး ဝိုင်းဝန်းအလေးထားရန်နှင့် မီတာခကြွေးကျန်ရှိသူများ အချိန်မီပေးဆောင်ရန်၊ ထူးခြားဖြစ်စဉ်ဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီတင်ပြရန်၊ သားအိမ်ခေါင်းကင်ဆာထိုးနှံနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လေ့ကျင့်ဆောင်ရွက်ရန်၊ ကော်ဖီစိုက်ပျိုးသည့်ဧကစာရင်းများ မှန်ကန် ရေးအလေးထားဆောင်ရွက်ရန်၊ အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး ဌာနဆိုင်ရာများအားလုံး ပူးပေါင်းဆောင်ရွက်ရန်၊    မိုးစပါးပန်းတိုင်အထွက်နှုန်းတိုးတက်ရေးအတွက် သွင်းအားစုများ ဖြန့်ဖြူးရောင်းချရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။


ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများက အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ရေး၊   မိုးစပါးနှင့် သီးနှံများ လျာထားချက်ပြည့်မီစွာ စိုက်ပျိုးပြီးစီးရေး၊  ဘဏ်ချေးငွေ ပေးဆပ်ရန်ကျန်ရှိသည့် ကျေးရွာအုပ်စုများအနေဖြင့် ချေးငွေများ ပြေကျေစွာပေးဆပ်ရန်၊  သွင်းအားစုပစ္စည်းများဝယ်ယူမည့်အခြေအနေနှင့် သစ်ဆိမ့်ပင်ကျေးရွာ (အ.မ.က-ခွဲ)တွင် ဆရာ၊ ဆရာမလိုအပ်ချက်တို့ကို တင်ပြဆွေးနွေးရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက သက်ဆိုင်ရာဌာနများနှင့် ပြန်လည်၍ ညှိနှိုင်းပေါင်းစပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။


မယု

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)