ကလောမြို့နယ်၊ လက်ပံပင်ကျေးရွာ၌ ထောပတ်သီးအခြေခံတန်ဖိုးမြှင့်ထုတ်ကုန် ပထမအကြိမ် သင်တန်းဆင်းပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလောမြို့နယ်၊ လက်ပံပင်ကျေးရွာ၌ ထောပတ်သီးအခြေခံတန်ဖိုးမြှင့်ထုတ်ကုန် ပထမအကြိမ် သင်တန်းဆင်းပွဲ ပြုလုပ်



MNP ၊  စက်တင်ဘာ  ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ သီခေါင်ကျေးရွာအုပ်စု လက်ပံပင်ကျေးရွာတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု ဝင်ငွေတိုးရေးဆောင်ရွက်မည့် ထောပတ်သီးအခြေခံတန်ဖိုးမြှင့်ထုတ်ကုန် ပထမအကြိမ်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က လက်ပံပင်ကျေးရွာ SMU ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက သင်တန်းဆင်းပွဲအမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်သော ထောပတ်သီးအခြေခံ တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း(ပထမအကြိမ်)ကို ဖွင့်လှစ်ပြီးစီးခဲ့ပြီး ယခုသင်တန်းမှာ စားသောက်ကုန်ထုတ်ကုန်(၅)မျိုး၊ လူသုံးကုန်ထုတ်ကုန်(၇)မျိုးနှင့် အလှကုန်ထုတ်ကုန် (၇)မျိုးတို့ကို စာတွေ့၊ လက်တွေ့ဖြင့် သင်ကြားပြသခဲ့ပြီးဖြစ်ကြောင်း၊ ယခုသင်တန်းပြီးနောက် သင်တန်းတက်ရောက်သူများမှ လုပ်ငန်းထူထောင်မည့်သူ (၅)ဦးကို ကျေးရွာကော်မတီအဖွဲ့ဝင်များမှ ရွေးချယ်ရမှာဖြစ်ကြောင်း၊ ဒုတိယအကြိမ် မွမ်းမံသင်တန်းအတွက် ထုတ်ကုန်အမယ်သစ်များကိုလည်း လေ့လာထားရမှာဖြစ်ကြောင်း၊ လုပ်ငန်းထူထောင်ရန် အမှန်တကယ်လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများကိုလည်း ညှိနှိုင်းရွေးချယ်ထားရန်ဖြစ်ကြောင်းနှင့် မွမ်းမံသင်တန်း(ဒုတိယအကြိမ်) အား (၂၄-၉-၂၀၂၃) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ ဒုတိယပြည်နယ်ဦးစီးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စီမံကိန်းအကောင်အထည်ဖော်ရေးကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ စုစုပေါင်း (၅၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)