MNP ၊ စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများ စားသုံးမှုအဆင်ပြေစေရေးအတွက် အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ (၁)ပိဿာလျှင် ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ကျေးရွာများအရောက် ကွင်းဆင်း၍ ရောင်းချပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ ၁ နာရီက ငဖဲမြို့နယ် ဆင်ချည်တိုင်ကျေးရွာအုပ်စု ငလှိုင်တောကျေးရွာ ရွာလယ်ဓမ္မာရုံရှေ့တွင် ကွင်းဆင်းရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်ထမ်းများ၊ ဆင်ချည်တိုင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးများကကြီးကြပ်၍ ဆင်ချည်တိုင်ကျေးရွာအုပ်စုအတွင်းရှိ ငလှိုင်တော၊ မန်းဆုံနှင့် ကုန်းသာကျေးရွာများမှ ပြည်သူများအတွက် စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၅၀၀၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စု(၃၀၀)စုအတွက် ဆီပိဿာ ၃၀၀ ကို ပြင်ပပေါက်ဈေး ထက်သက်သာသောဈေးနှုန်းဖြင့် စနစ်တကျတန်းစီ၍ ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့သည့်အတွက် ပြည်သူတို့၏ စားဝတ်နေရေး အထောက်အကူဖြစ်စေခဲ့ကြောင်း သိရသည်။
မယု
https://t.me/MyanmarNationalPost
No comments:
Post a Comment