MNP ၊ စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ် (၃) ရပ်ကွက်(သာယာမိုးကွက်သစ်)တွင် ယနေ့နံနက် (၁၀) နာရီအချိန်က မြစ်ရေတိုက်စား၍ သစ်ပင်လဲကျမှုကြောင့် ပျက်စီးသွားသည့်အတွက် လူနေအိမ် (၂) လုံးအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစစ်နိုင်ထွန်းနှင့် ဝန်ထမ်းများက အိမ်ထောင်စု (၂) စု၊ လူဦးရေ (၈) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ၊ (၇) ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ ပလပ်စတစ်ပုံး (၂) ပုံးတို့အား ယမန်နေ့ညနေ ၃ နာရီအချိန်က ကျေးရွာအရောက် ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
အဆိုပါ မြစ်ရေတိုက်စား၍ သစ်ပင်လဲကျမှုကြောင့် ပျက်စီးသွားသည့် လူနေအိမ် (၂) လုံးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီဌာန ဦးစီးအရာရှိ ဦးစစ်နိုင်ထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသား/သူများတို့က သစ်ပင်များ ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment