လားရှိုးမြို့အနီး လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားပြီး တစ်ဦး ဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့အနီး လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားပြီး တစ်ဦး ဒဏ်ရာရ




MNP ၊  စက်တင်ဘာ  ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ် လားရှိုးမြို့အထွက်  ၉ မိုင်လမ်းခွဲတွင် ယမန်နေ့ ညနေ ၅ နာရီ အချိန်ခန့်က ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ ယာဉ်နှစ်စီးတိုက်မှုကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပရဟိတအဖွဲ့များမှ လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။


“လားရှိုးကနေ မူဆယ်ဘက်ထွက်တဲ့လမ်းမှာ ယာဉ်ငယ်နှစ်စီးတိုက်တာပါ။ နှစ်စီးစလုံး လမ်းဘေးက မြောင်းထဲထိုးကျသွားတယ်။ တခြားကြီးကြီးမားမား ဒဏ်ရာရသူတွေတော့မရှိပါဘူး။ အမျိုးသားတစ်ဦးပဲ ဒဏ်ရာရလို့ လားရှိုးဆေးရုံကြီးကို ပို့လိုက်ရတယ်။”ဟု လားရှိုးလူငယ်လူမှုကူညီရေးအသင်းမှ ကိုဝသုန်က ပြောသည်။


လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် တရုတ်နယ်စပ်သို့ နေ့စဉ် သွားရောက်ကြသည့် ယာဉ်ကြီး၊ယာဉ်ငယ်များ အများအပြား ဖြတ်သန်းသွားလာလျက်ရှိပြီး ယာဉ်တိုက်မှုများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။


စိုင်းထွန်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)