တန့်ဆည်မြို့နယ်မှာ နီပိန်းအကြမ်းဖက်သမားတွေ တကျော့ပြန် သောင်းကျန်းနေပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန့်ဆည်မြို့နယ်မှာ နီပိန်းအကြမ်းဖက်သမားတွေ တကျော့ပြန် သောင်းကျန်းနေပြီ


မနက်ကပဲ မိတ်ဆွေတစ်ဦးက တန့်ဆည်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရတယ်။ နီပိန်း အကြမ်းဖက်သမားတွေ ပြန်သောင်းကျန်းနေတဲ့ အခြေအနေကို ပြောပြပါတယ်။ 

တန့်ဆည်မြို့နယ်မှာ နီပိန်း အကြမ်းဖက်သမားတွေ သောင်းကျန်းလွန်းလို့ ပြည်ခိုင်ဖြိုးပါတီဝင်တွေ ထွက်ပြေးတိမ်းရှောငင်ခဲ့ရကြရတယ်။ ဆရာတော်ဦးဝါသဝ(ငါးရာငါးဆယ်ဆရာတော်) ရဲ့ သာသနာ့အလင်းရောင်ကျောင်းတိုက် အကြမ်းဖက်ဘေးရှောင် စခန်းဖြစ်သွားရခြင်းဟာ တန့်ဆည်မြို့နယ်က အစပြုခဲ့ခြင်း ဖြစ်ပါတယ်။

တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာမှာ နီပိန်းအစွန်းရောက်တွေက PDF အကြမ်းဖက်သမားတွေ ဖြစ်လာတယ်။ ရွာထဲမှာ ရှိတဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တွေကို ဒေါသတကြီး ရန်ရှာခဲ့ကြတယ်။ ဒေါ်မို့မို့ဝင်း ရဲ့ ခင်ပွန်း ဦးကျော်မျိုးသက် အသတ်ခံခဲ့ရတယ်။ ဒေါ်မိုးသူဇာရဲ့ နေအိမ်၊ ဈေးဆိုင် မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရတယ်။ ရပ်ရွာထဲမှာ ပြည်ခိုင်ဖြိုးပါတီ ဘက်က ဦးဆောင်သူ ဦးညွန့်ခိုင် ကို သတ်ဖို့ အသဲအသန် ကြိုးပမ်းခဲ့ကြတယ်။ ဦးညွန့်ခိုင် ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ အခြေအနေမှာ မိခင်ရော ဖခင်ပါ အသတ်ခံခဲ့ရတယ်။ ဦးညွန့်ခိုင်ရဲ့ ညီတစ်ယောက်နဲ့ ယောက်ဖ ဖြစ်သူကိုပါ ထပ်ပြီး သတ်လိုက်ကြတယ်။

အခုထိ ကန့်ဘလူမြို့နယ်၊ မှော်တော်ရွာ၊ ဆရာတော်ဦးဝါသဝရဲ့ ကျောင်းမှာ ဒေါ်မိုးသူဇာ၊ ဒေါ်မိုးမိုးဝင်း တို့ တိမ်းရှောင်နေကြရဆဲ့ပါ။ ဦးညွန့်ခိုင်ကတော့ သူ့ရွာသူ မပြန်နိုင်လို့ မိသားစုကို ရွှေ့ပြောင်းပြီး တခြားတရွာမှာ ပြည်သူ့စစ်အဖွဲ့ဝင်အဖြစ်နဲ့ ရပ်တည်ဆောင်ရွက်နေရပါတယ်။ တန့်ဆည်မြို့နယ်ဘက်ကို ပြန်လို့ လုံးဝမရသေးပါဘူး။

တန့်ဆည်မြို့နယ်ဘက်မှာ နီပိန်း PDF အကြမ်းဖက်သမား ပြန်ကပ်လို့ မရတာက ကျွန်းလည်၊ ကဘဲ၊ မူးခွ တို့လောက်ပဲ ရှိပါတယ်။ အဲဒီ ရွာတွေဟာ နီပိန်း PDF အကြမ်းဖက်အန္တရာယ်ကြောင့် ဆရာတော်ဦးဝါသဝကျောင်းကို တိမ်းရှောင်ခဲ့ကြရပြီး ဆရာတော့်ကျောင်းမှာ ပြည်သူ့စစ်သင်တန်း တက်ပြီးခါမှ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ပြီး ကာကွယ်နေကြတာ ဖြစ်ပါတယ်။

လူတွေ ဖြစ်လေတော့ သောက်ကျင့်မကောင်းတဲ့ သူတွေလည်း ပါတယ်။ အကူအညီ လိုအပ်နေတဲ့ အချိန်ကတော့ ဆရာတော်ကို တမ်းတကြတယ်။ နောက်ပိုင်း ပြည်သူ့စစ်ဖွဲ့စည်းပေးပြီး ကိုယ့်ဟာနဲ့ကိုယ် ရပ်တည်လာကြတဲ့အခါကြတော့ ဆရာတော်ကိုတောင် ဂရုမစိုက်တော့တဲ့သူတွေ ရှိတယ်။ အစောပိုင်း အဲဒီနယ်မြေမှာ တာဝန်ကျတဲ့ တပ်မတော်အရာရှိနဲ့ ဆရာတော်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တယ်။ ပြည်သူ့စစ်တွေ ဖွဲ့စည်းဖို့ ညီညီညွတ်ညွတ်လုပ်ဆောင်နိုင်ခဲ့တယ်။

ဒီနေရာမှာ နိုင်ငံတော်အကြီးအကဲတွေ ပြောနေတဲ့ စကားကိုပဲ ထည့်ပြောပါအုံးမယ်။ ပြည်သူလူထု ပူပေါင်းပါဝင် ဆောင်ရွက်ပါလို့ နိုင်ငံတော်အကြီးအကဲများက ပြောကြတယ်။ နောက်ပိုင်း ရောက်လာတဲ့ အရာရှိတချို့ က နီပိန်း လူရမ်းကားတွေနဲ့ သိပ်တော့မကွာဘူး။ "ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်၊ နေရာတကာ ဝင်မရှုပ်နဲ့" ဆိုတဲ့ အသံမျိုးတွေ ထွက်လာခဲ့တယ်။ ဆရာတော်က ကျွန်းလည်၊ ကဘဲ၊ မူခွးကျေးရွာတွေမှာ ပြည်သူ့စစ်ဖွဲ့ပေးခဲ့ပြီးပြီ။ ဒါကို ခြေကုပ်ယူပြီး တိုးချဲ့ဖွဲ့စည်းသွားတာမျိုးလည်း မလုပ်ကြပါဘူး။ နီပိန်း PDF အကြမ်းဖက်သမားများ လွှမ်းမိုးထားတဲ့ ကျေးရွာများကို ဝင်ရောက်ရှင်းလင်း၊ နှိမ်နင်းတာမျိုးလည်း မရှိပါဘူး။

ကျွန်တော်က ကာပေါင်းကျကျေးရွာတစ်ရွာတည်းကို ကွက်ပြောခြင်း မဟုတ်ပါဘူး။ တန့်ဆည်မြို့ မြောက်ပိုင်းက PDF ကျေးရွာတွေချည်းပဲ ဖြစ်ပါတယ်။ သဖန်းဆိပ်ဆည်အတွင်းမှာ ရွှေမျောများထံက ဆက်ကြေးကောက်ယူနေတဲ့ KIA/PDF ဆိုတာကလည်း တန့်ဆည်မြို့နယ်ထဲက နီပိန်း PDF အကြမ်းဖက်သမားတွေပဲ ဖြစ်ပါတယ်။ ကျွန်းလှမြို့နယ်ထဲက ရေနံမှော်တွေမှာ ခိုးတွင်းတွေ တူးခိုင်းပြီး ဆက်ကြေးကောက်ယူနေတာလည်း တန့်ဆည်မြို့နယ်က နီပိန်း PDF အကြမ်းဖက်သမားတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေက ပြောရင် မောတာပဲ အဖတ်တင်တယ်။

အရာတော်မြို့နယ်ထဲက ဘယ်ရွာတွေမှာ PDF အကြမ်းဖက်သမားများ ခိုအောင်းနေပါတယ်လို့ အတိအကျ ပြောတာတောင် မရှင်းဘူး။ မြို့နယ်အသီးသီးက နီပိန်း PDF အကြမ်းဖက်သမားများရဲ့ လွတ်မြောက်နယ်မြေသဖွယ် ဖြစ်နေပါတယ်လို့ တင်ပြတာတောင် မရှင်ဘူးဆိုကတည်းက ဘာထူးမလဲဗျာ။ ပြောရတာ မောတာပဲ အဖတ်တင်တယ်။ 

အကြမ်းဖက်သမားနဲ့ ပေါင်းပြီး လုပ်စားနေကြတာ။ မြေစာပင်ကတော့ တပ်မတော်သား မိသားစုဝင်တွေ၊ ပြည်ခိုင်ဖြိုးပါတီဝင်တွေပေါ့ဗျာ။ နီပိန်း PDF အကြမ်းဖက်သမားများက ရက်စက်ယုတ်မာတဲ့အခါ တပ်မတော်သားမိသားစုဝင်တွေ၊ ပြည်ခိုင်ဖြိုးပါတီဝင်တွေပဲ အတိဒုက္ခရောက်ရတာပါ။ နိုင်ငံတော်အကြီးအကဲများက ပူးပေါင်းဆောင်ရွက်ဖို့ လမ်းညွှန်တဲ့အတွက် ပူးပေါင်းဆောင်ရွက်ပြန်တော့လည်း ဖရဲသီးများက အကြမ်းဖက်သမားထံ သတင်းပေးလို့ အသတ်ခံခဲ့ရတဲ့ အဖြစ်တွေ နည်းမှမနည်းတော့ပဲ။

အဲဒီတော့ နီပိန်း PDF အကြမ်းဖက်ဘေးဒဏ်ကို မခံနိုင်ရင် ကိုယ့်ရပ်ကိုယ့်ရွာကို စွန့်ခွါပြီး ပြေးသာ ပြေးကြ။ ရောက်ရာအရပ်မှာ ကြုံသလို လုပ်စားကြ။

တန့်ဆည်မြို့နယ်မှာ နီပိန်း PDF အကြမ်းဖက်သမားများ အားကောင်းနေတာ အခုမှ မဟုတ်ပါဘူး။ ဗေထိဆိုကတည်းက အကြမ်းဖက်လုပ်ရပ်တွေ အဆိုးဆုံးလုပ်ခဲ့တဲ့ နယ်မြေတွေပါ။ ဘယ်တုန်းကများ ရှင်းလင်းတယ်ဆိုတဲ့ အသံကြားခဲ့ရလို့လဲ။ မရှင်းပါဘူး။ ရဲတပ်ဖွဲ့ဝင်ရဲ့ မိသားစုတွေကို အကြမ်းဖက်သမားတွေက ဝိုင်းထားပြီ။ လာကယ်ပေးပါဆိုတာတောင် နောက်နေ့မှ အလောင်းသွားကောက်လို့ ပြောတဲ့ တာဝန်မဲ့သူတွေ နေရာရနေတဲ့ အရပ်မှာ အပြစ်မဲ့ ပြည်သူတွေ အတိဒုက္ခရောက်ရမှာ မလွဲဧကန်ပါပဲ။

ပြောရတာ မောလွန်းလို့။ တကယ်မြေပြင်မှာ ရှင်းလင်းရေးလုပ်ရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ညီအစ်ကိုများကိုလည်း အားနာပါရဲ့။ နီပိန်းအစွန်းရောက် အကြမ်းဖက်ဝါဒီများနဲ့ ပေါင်းစားနေသူတချို့ရဲ့ ယုတ်မာရိုင်းစိုင်းလွန်းသော လုပ်ရပ်တွေကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ ထောင်နှင့်ချီ၍ သေဆုံးခဲ့ရပြီးပြီ။ 

ပူးပေါင်းဆောင်ရွက်တဲ့ ပြည်သူကို ရန်သူထင်နေတဲ့ အရာရှိများ ရှိတဲ့အရပ်ကနေ ဝေးရာကိုသာ ပြေးကြပါ၊ အကြမ်းဖက်ဘေးအန္တရာယ်ကျရောက်လို့ တာဝန်ယူမယ့်သူ မရှိဘူး။ တာဝန်ခံမယ့်သူ မရှိဘူး။ သတင်းပေး တိုင်ကြားတဲ့အခါ အကြမ်းဖက်သမားဆီက တောင်းစားပြီး သတင်းပေးတဲ့ ပြည်သူ သေကြောင်းကြံတဲ့သူများဟာလည်း နီပိန်း PDF ထက်တောင် ပို့ပြီး ရက်စက်ယုတ်မာသူများလို့ ဆိုရင်လည်း မှားပါ့မလား -


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)