MNP ၊ စက်တင်ဘာ ၂၂
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့ ဈေးကြီးအတွင်း၌ ရောင်းချလျက်ရှိသော ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် မှတ်ပုံမတင်ထားသောဆေးဝါးများနှင့် သက်တမ်း ကုန်ဆုံးသည့်ဆေးဝါးပစ္စည်းများအား ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ ယမန်နေ့၊ ညနေ(၃)နာရီက (FDA)အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၊ ရခိုင်ပြည်နယ်ရုံးနှင့် တာဝန်ရှိသူတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးကြရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၊ (FDA)ရခိုင်ပြည်နယ်ရုံးမှ ဒေါက်တာ တင်ကိုဝင်း ဦးဆောင်၍ ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လှ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပုဏ္ဏားကျွန်းမြို့၊ မြို့မဈေးကြီးအတွင်း၌ ရောင်းချလျက်ရှိ သော ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် မှတ်ပုံမတင်ထားသော ဆေးဝါးများနှင့် သက်တမ်းကုန်ဆုံးသည့် ဆေးဝါးများအား ရောင်းချဖြန့်ဖြူးခြင်းများရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment