MNP ၊ စက်တင်ဘာ ၁၄
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ၁၂-၉-၂၀၂၃ ရက်နေ့က မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်ရှိ ၄/၂၀၂၂ အထူးစိမ်းတစ်အုပ်တစ်မစိုက်ခင်း အပင် ၅၀၀၀ ၏ ရှင်သန် အောင်မြင်မှုအခြေအနေနှင့် ယခု နှစ်မိုးရာသီတွင် စိုက်ပျိုးထားသော ၃/၂၀၂၃ အထူးစိမ်း သဘာဝ တောထိန်း ကွက်လပ်ဖြည့်စိုက်ခင်း အပင် ၃၀၀၀ ၏ ရှင်သန်အောင်မြင်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆည်ပေါက်ပျိုး ဥယျာဉ်အတွင်း လူထုဖြန့်စိုက်ပျိုးခြင်းနှင့် အထူးစိမ်းတစ်အုပ်တစ်မ စိုက်ခင်းများအတွက် ပျိုးပင်များ ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင် ဘေးမဲ့တောဥယျာဉ်သို့ ရောက်ရှိရာ တာဝန်ရှိသူများက ဘေးမဲ့တောဥယျာဉ်အတွင်း ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများနှင့် ရေထွက်စမ်းများမှ ရေနမူနာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပုပ္ပားတောင်ဘေးမဲ့တော ဥယျာဉ်နှင့် ပုပ္ပားတောင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ အပူပိုင်း ဒေသဂေဟစနစ်နှင့် ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းရေးအား အထူးအလေးထား ဆောင်ရွက်သွားရမည့်အပြင် ကြက်မောက်တောင်ဆည် ရေရှည်တည်တံ့စေရေးအတွက် အရေးပါသော ပုပ္ပားတောင်ဒေသ ရေဝေရေလဲဧရိယာများနှင့် ပုပ္ပားနှင့် ကျောက်ပန်းတောင်းမြို့၏ သောက်သုံးရေအတွက် အရေးပါသော သဘာဝစိမ့်စမ်းရေထွက်များကို ထိန်းသိမ်းကာကွယ်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပုပ္ပားတောင်ဒေသသည် ထူးခြားသော ဘူမိနယ်မြေများ အများအပြားရှိသည့်အတွက် အမျိုးသားဘူမိဥယျာဉ် တည်ထောင်နိုင်ရေး အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပုပ္ပားတောင်ဒေသ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ပြီး ရေရှည် တည်တံ့နိုင်ရေးအတွက် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်လာစေရန် အသိပညာပေးလုပ်ငန်းများ ပိုမိုဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပုပ္ပားတောင်ဘေးမဲ့တောဥယျာဉ် ပညာပေးပြခန်းအတွင်း ပြသထားမှု၊ သမင်ခြံအတွင်း သမင်များအား ထိန်းသိမ်းစောင့်ရှောက်ထားမှု၊ ပရဆေးဥယျာဉ်အတွင်း ဆေးဖက်ဝင်အပင်များ ထိန်းသိမ်းဆောင်ရွက်ထားမှုနှင့် ပုပ္ပားတောင်နှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ညောင်ဦးမြို့နယ် ဘူးကင်းတောင်ရှိ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ KOICA တို့ ပူးပေါင်းတည်ထောင်ထားသည့် ၂၀၁၁ သစ်မျိုးစုံ စိုက်ခင်းဧက ၃၇၀ ၏ ရှင်သန်မှုနှင့် စိုက်ခင်းထိန်းသိမ်းဆောင်ရွက်ထားမှုအခြေအနေကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်ရှိ ရွှေပုံတောင် အမြဲတမ်းပျိုးဥယျာဉ်သို့ရောက်ရှိပြီး ပျိုးဥယျာဉ်အတွင်း သစ်ပင်စိုက်ပျိုးပွဲနှင့် အထူးစိမ်းစိုက်ခင်းများအတွက် သစ်မျိုး ၃၂ မျိုးဖြင့် နှစ်ပေနှင့်အထက် ပျိုးပင်ကြီး ၉၀၀၀၀ ပျိုးထောင်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် နတ်ကန် ဦးကြိုးပြင်ကာကွယ်တောအတွင်း ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးထား သော ၁/၂၀၂၃ ကျေးရွာထင်းစိုက်ခင်း ဧက ၂၀ အပင် ၂၄၂၀၀ ကို ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment