MNP ၊ စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် စပါးခင်းများရေနစ်မြုပ် ပျက်စီးနေမှုများအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ (မြို့နယ် စိုက်/ ကြပ်ကော်မတီ) ဥက္ကဌဦးဟံဝင်းအောင်နှင့်မြို့နယ် စိုက်/ ကြပ်ကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ ကကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ရာ ရွှေတောင်မြို့နယ် ၊မြို့မအုပ်စု၊ကွင်းအမှတ် (၄၄၄A၊ ၄၄၅A) ကွင်းအတွင်းရှိ မိုးစပါးစိုက်ဧကများ သီးနှံထိခိုက် ပျက်စီးမှု အခြေအနေများ၊ သာစီကုန်းကျေးရွာအုပ်စုကွင်းအမှတ် (၄၃၃၊၄၃၄၊၄၄၃) ကွင်းအတွင်းရှိ မိုးစပါးစိုက်ဧကများ သီးနှံထိခိုက် ပျက်စီးမှု အခြေအနေများ၊ ကျောက်ထရံအုပ်စုကွင်းအမှတ် (၅၁၃၊၄၁၃၊၅၁၄) ကွင်းနှင့် ရွှေဟင်္သါကျေးရွာအုပ်စု၊ကွင်းအမှတ် (၅၁၆A၊၅၁၆B၊၅၂၀) ကွင်းများအတွင်းရှိမိုးစပါးစိုက်ဧကများ သီးနှံထိခိုက် ပျက်စီးမှု အခြေ အနေများကို ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးကြည့်ရှုရာသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ (မြို့နယ် စိုက်/ ကြပ်ကော်မတီ) ဥက္ကဌဦးဟံဝင်းအောင်နှင့်မြို့နယ် စိုက်/ ကြပ်ကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါကွင်းဆင်း၍မြို့နယ် စိုက်/ ကြပ်ကော်မတီ ဥက္ကဌ မှ ပျက်စီးဆုံးရှုံးသည့်နေရာများတွင် ပျိုးထောင်ထားရှိသည့် ပျိုးပင်များဖြင့် ပြန်လည်စိုက်ပျိုးရန်နှင့် ရက်( ၉၀)စပါးမျိုး စိုက်ပျိုးသွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment