ကျွန်းစုမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းစုမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ






MNP ၊  စက်တင်ဘာ  ၈

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် TSDP အစီအစဉ်အရ ကျင်းပပြုလုပ်သည့် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ ညနေ(၃)နာရီအချိန်က မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ ယှဉ်ပြိုင် ကစားခဲ့ကြောင်း သိရသည်။


ဗိုလ်လုပွဲကို အမျိုးသား၊ အမျိုးသမီး အ.ထ.က(ကျွန်းစု)အသင်းနှင့် အ.ထ.က (ကဘင်းချောင်း)အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၊ ဒေသခံပြည်သူများက လာရောက်ကြည့်ရှူအားပေးခဲ့ကြပြီး အမျိုးသား၊ အမျိုးသမီး၊ အ.ထ.က ကျွန်းစုအသင်းမှ (၃)ပွဲ ပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။


ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်အသင်းများမှ ကွင်းအတွင်း နေရာရယူခဲ့ပြီး ဒုတိယရရှိသော အ.ထ.က ကဘင်းချောင်း အသင်းနှင့် ပထမဆုရရှိသော အ.ထ.က ကျွန်းစုအသင်း တို့အား လည်ဆွဲဆုနှင့် ငွေသားဆုများကို ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက ပထမဆု ရရှိသောအသင်းအား တံခွန်စိုက်ဆုဖလားကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


ထက်မြင့်

https://t.me/MyanmarNationalPost




No comments:

Post a Comment