(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက ၊အရေး ၊အတီး ခရိုင်အဆင့်ပြိုင်ပွဲ စစ်တွေမြို့တွင် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက ၊အရေး ၊အတီး ခရိုင်အဆင့်ပြိုင်ပွဲ စစ်တွေမြို့တွင် ကျင်းပ






MNP ၊  စက်တင်ဘာ  ၉

     ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက ၊ အရေး ၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်က အထက(၄)၊ မဟာပညာကျော်ခန်းမ၌ ကျင်းပပြုလုပ်သည်။


    ဦးစွာ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက ၊ အရေး ၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား စစ်တွေခရိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။


  ဆက်လက်၍ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ စစ်တွေခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်မြင့်က မြန်မာတိုင်းရင်းသား လူမျိုးများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေရန်၊ ယဥ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားယဥ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန်နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုရှိစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ၊ ခရိုင်အဆင့် အဆို၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင် အနုပညာရှင်များနှင့်အမှတ်ပေးအကဲဖြတ်ဒိုင်လူကြီးများအား ကျေးဇူးတင်ရှိပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။


   ထို့နောက် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ သက်ဆိုင်ရာဘာသာ ရပ်များအလိုက် ယှဥ်ပြိုင်ကြရာ စစ်တွေခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးစိန်မြင့်နှင့် အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဧည့်ပရိတ်သတ်များက ပြိုင်ပွဲဝင်များ၏ ယှဥ်ပြိုင်မှုအားကြည့်ရှုအားပေးခဲ့ကြသိရှိရသည်။  


  မြင့်စိုးဦး 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)