MNP ၊ စက်တင်ဘာ ၂၉
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းမှစတင်ကာ ဘီးလင်းမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဝန်ထမ်းများမှ မြို့နယ်တွင်းရှိ အိမ်မွေးခွေးများအား ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်း မဆောင်ရွက်မီ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာနှင်းက ဆေးထိုးနှံမည့်ခွေးများ၏ ပိုင်ရှင်များအား ခွေးရူးရောဂါ ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ရောဂါကူးစက်သည့် နည်းလမ်းများ၊ ကာကွယ်တားဆီးနိုင်သည့် နည်းလမ်းဆိုင်ရာများအား အသိပညာပေးဟောပြောပြီး အိမ်မွေးခွေး (၅၀)ကောင်အား အခမဲ့ ခွေးရူးရောဂါကာကွယ်ဆေးများ ထိုးနှံပေးကာ ဆေးထိုးမှတ်တမ်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment