MNP ၊ စက်တင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊နန်းသီလာကျေးရွာအုပ်စု၊ မဒေါကျေးရွာရှိ ဥယျာဉ်ခြံထဲတွင် ဒေသထွက်တစ်ပိုင်တစ်နိုင် ဝါးပလုတ်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဝါးပလုတ်သည် မိုးရာသီကာလဖြစ်သော ဝါဆိုလမှ သီတင်းကျွတ်လနှင့် ဆောင်းရာသီကာလများတွင် လည်းရရှိနိုင်ကြောင်း၊ တစ်နှစ်တစ်ခါ မိုးရာသီကာလမှသာရတတ်သည့်ဝါးပလုတ်သည် ဝါးပင်မှရသော အဆီအနှစ်ဖြစ်သည့်အတွက် ဆေးဖက်လည်းဝင်ကြောင်း၊ဝါးပလုတ်ကို ပျားရည်၊ နို့ဆီ၊ နို့စိမ်း၊ သံပရာ၊ ဇီး၊ နို့သစ်ခွ၊ သကြား စသည်တို့နှင့်လည်းတွဲဖက်ဖျော်စပ်ပြီး သောက်လို့ရကြောင်း၊ ဆီးချို၊ ကျောက်ကပ်၊ အသည်းဝေဒနာရှင်များ၊ ချွေးထွက်များသူများအတွက်လည်း သောက်သုံးရန်အထူးကောင်းမွန်ကြောင်း၊ ဝါးပလုတ်ကိုဗူးတစ်ခုထဲထည့်ပြီး သိမ်းထားမည်ဆိုရင်လည်း(၁၅)ရက်မှ (၁)လလောက်ထိခံကြောင်း၊ ယခုအခါဝါတွင်းကာလ၌ အလှူပွဲများတွင်လည်း အအေးအနေနှင့် ဝါးပလုတ်ကိုကျွေးမွေးလို့ရနိုင်ပါကြောင်း၊ ဝါးပလုတ်ကိုရန်ကုန်၊ မန္တလေးနှင့် မြို့နယ်အသီးသီးသို့ ကားဂိတ်မှတစ်ဆင့် ဖြန့်ဖြူးပေးပို့ရောင်းချလျက်ရှိကြောင်း နှင့်ယခင်နှစ်က ဝါးပလုတ် (၅)ဂါလံ တစ်ပုံးလျှင် (၁၉၀၀၀/-)ကျပ်ဖြစ်ပြီးယခုနှစ်တွင် (၅)ဂါလံ တစ်ပုံးလျှင် (၂၃၀၀၀/-)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်းဝါးပလုတ် လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစု စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်းကို ဝါးပလုတ်လုပ်ကိုင်သူ ဦးအောင်ကြိုင်ထံမှ သိရသည်။
နှင်းမြူလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment