နောင်မွန်းမြို့နယ်၌ ဘောလုံးဒိုင်လူကြီးအခြေခံသင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်မွန်းမြို့နယ်၌ ဘောလုံးဒိုင်လူကြီးအခြေခံသင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနား ကျင်းပ




MNP ၊  စက်တင်ဘာ  ၃၀

ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် ဘောလုံးဆိုင်ရာဥပဒေများကို တတ်ကျွမ်းနားလည်ပြီး စည်းစနစ်ကျသည့် ဘောလုံးဒိုင်လူကြီးများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သည့် ဘောလုံးဒိုင်လူကြီးအခြေခံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်က သင်တန်းသားများအနေဖြင့် ဘောလုံးဆိုင်ရာ ပညာရပ်များကို ဆက်လက်လေ့လာသင်ယူသွားကြပါရန်နှင့် ဘောလုံးဥပဒေနှင့်အညီ စည်ကမ်းပြည့်ဝပြီး မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်သည့် ဒိုင်လူကြီးများအဖြစ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသတွင်း ဘောလုံးပွဲများကိုလည်း ယခုသင်တန်းဆင်းလက်မှတ်ရရှိပြီးသူများကိုပါ ထည့်သွင်းကြီးကြပ်စေမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြဖြစ်သော မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဒိုင်လူကြီးဦးစိုင်းဖုန်းခန့်ကျော်က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းခြင်းနှင့် ဘောလုံးဒိုင်တစ်ဦး လိုက်နာကျင့်သုံးရန်လိုအပ်သည်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။


ထို့နောက် သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သော သင်တန်းသားနှစ်ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်က ဂုဏ်ပြုဆုနှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ပြီး သင်တန်းနည်းပြနှင့် ကျန်သင်တန်းသားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဂုဏ်ပြုငွေနှင့် သင်တန်းဆင်းလက်မှတ်များ အသီးသီး ပေးအပ်ခဲ့ကြသည်။


အဆိုပါသင်တန်းတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ ချမှတ်ခဲ့သည့် ဘောလုံးဥပဒေများအတိုင်း စက်တင်ဘာလ ၂၅ ရက်မှ စက်တင်ဘာလ ၂ ၉ရက်အထိ စာတွေ့၊ လက်တွေ့သင်ကြားပို့ချခဲ့ရာ သင်တန်းသား(၁၇)ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)