MNP ၊ စက်တင်ဘာ ၃၀
ရေးမြို့နယ်၊ သင်္ဃန်းကျွန်းကျေးရွာအုပ်စု၊ စိန်ကြီးကျေးရွာနေ ဦးစိုးအောင်သည် အဖော် ၂ ဉီးနှင့်မတူ လိုက်ထရပ်ကားဖြင့် ကျောင်းရွာကျေးရွာမှ သင်္ဃန်းကျွန်းကျေးရွာသို့ ပြန်လာစဉ် စက်တင်ဘာလ ၃၀ ရက် နေ့လည် ၁၂ နာရီကျော်တွင် ကျောက်မိချောင်း(တောင်)ကျေးရွာအနီးတွင် KNU/PDF အကြမ်းဖက်သမား ၅ ဦးက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းခံရပြီး ဦးစိုးအောင် သေဆုံးသွားကြောင်း သိရသည်။
KNU/PDF အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် ဦးစိုးအောင်သည် လည်ပင်း၊ ဝဲလက်အောင်း၊ ဝဲလက်ဖျံ၊ယာ
လက်ကောက်ဝတ်တို့တွင် ကျည်ဖောက်ဝင် ဒဏ်ရာများရရှိပြီး အခင်းနေရာတွင်ပင် သေဆုံးခဲ့ကြောင်း၊ အတူလိုက်ပါလာသူ ၂ ဦးတွင်လည်း ဒဏ်ရာများရရှိ၍ ကျောင်းရွာတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment