MNP ၊ စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် ကျေးသီးမြို့နယ်၊ မိုင်းနောင်နယ်မြေ အသက်(၁၂)နှစ်အောက် အမျိုးသားကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ကျောင်းအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ၊ ဘင်ခရာတပ်ဖွဲ့များ၊ အကအဖွဲ့များနေရာယူပြီး စစ်ကြောင်းမှူးမှ ဦးဆောင်ကာ အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူးနှင့် မြို့အုပ်ချုပ်ရေးမှူးတို့အားချီတက်အလေးပြုခြင်း၊ ဘင်ခရာတပ်ဖွဲ့မှ ဦးဆောင်၍ နိုင်ငံတော် အလံအလေးပြုခြင်း၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားအဓိဌာန်ရွတ်ဆိုခြင်းများ ဆောင်ရွက်ကာ အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ဗိုလ်မှူးကြီးဇော်ဇော်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ အသက်(၁၂)အောက် အမျိုးသားကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များက အ.ထ.က မိုင်းနောင်ကျောင်းဘောလုံးအသင်းအတွက် အလှူငွေများ ပေးအပ်ထောက်ပံ့၍ ဘင်ခရာတပ်ဖွဲ့၊ အေရိုးဗစ်အဖွဲ့နှင့် ပန်းဖွားအဖွဲ့များက ပြန်လည်ဧည့်ခံကပြဖျော်ဖြေပေးခဲ့ကြောင်း သိရှိရသည်။
မနန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment