စစ်ကိုင်းပညာရေးဒီဂရီကောလိပ်တွင် လူငယ်သီတင်းပတ် ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းပညာရေးဒီဂရီကောလိပ်တွင် လူငယ်သီတင်းပတ် ဖွင့်ပွဲအခမ်းအနားကျင်းပ


MNP ၊  စက်တင်ဘာ  ၆

စစ်ကိုင်းပညာရေးဒီဂရီကောလိပ်တွင် လူငယ်သီတင်းပတ် ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ (၅)ရက်၊ နံနက်ပိုင်းက အဆိုပါကောလိပ်ရှိ မြဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဝင်းမြတ်စိုးက အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းပညာရေးကောလိပ်ကျောင်းအုပ်ကြီး ဒေါ်မေမြတ်ခိုင်က ကျောင်းသား/ကျောင်းသူများအား ဘက်ပေါင်းစုံမှပြည့်စုံပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် သူများဖြစ်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားကာ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှာ အားကစားပစ္စည်းများကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံပေးခဲ့သည်။


ဆက်လက်၍ ကျောင်းသား/ ကျောင်းသူလေးများက ကာယကြံ့ခိုင်ရေးအတွဲ အမှတ်(၁)နှင့် အတွဲအမှတ်(၂)တို့ဖြင့်လည်းကောင်း၊ Fitness Dance ဖြင့်လည်းကောင်း၊ ရခိုင်တိုင်းရင်းသားရိုးရာဓလေ့ အကများဖြင့်လည်းကောင်း အသီးသီးကပြဖျော်ဖြေပေးခဲ့ကြသည်။


အလားတူ စစ်ကိုင်းတက္ကသိုလ်တွင်လည်း လူငယ်သီတင်းပတ် အဖြစ်လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကိုကျင်းပရာ စစ်ကိုင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးမြင့်က အဖွင့်အမှာ စကားပြောပြားပြီး အလုပ်ရုံဆွေးနွေးပွဲကို ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။


ဇော်မြင့်နိုင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)