ပုဏ္ဏားကျွန်းမြို့၌ တောင်သူပညာပေးဆွေးနွေးပွဲနှင့်သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ တောင်သူပညာပေးဆွေးနွေးပွဲနှင့်သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းသင်တန်းဖွင့်လှစ်






MNP ၊  စက်တင်ဘာ  ၆

     ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုး ရေးကြီးကြပ်မှုကော်မတီဝင်များနှင့်ပုဏ္ဏားကျွန်းမြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနတို့ပူးပေါင်း၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မိုးစပါးအထွက်နှုန်းများပိုမိုကောင်းမွန်လာစေရေးအတွက် တောင်သူပညာပေးဆွေးနွေးပွဲနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းသင်တန်းကို ယမန်နေ့၊ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။


ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်ကျော်က စိုက်ပျိုးရေး နည်းပညာဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တောင်သူပညာပေးဆွေးနွေးပွဲနှင့်သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြေားကြားခဲ့ သည်။ ထိုနောက် ခရိုင်မျိုးစေ့တာဝန်ခံ ဦးမြသိန်းက စပါးမျိုးစေ့ထုတ်လုပ်ခြင်းနည်းပညာနှင့် ပတ်သက်၍လည်းကောင်း၊ မြေအသုံးချတာဝန်ခံ ဒေါ်အဝိုင်းချေက ယူးရီယားဓာတ်မြေဩဇာ နှင့်သဘာဝမြေဩဇာကို စနစ်တကျသုံးစွဲနည်းနှင့် သဘာဝစူပါဘိုကာရှီ မြေဩဇာပြုလုပ်သုံးစွဲနည်းတို့ကို ရှင်းလင်းပြောကြားပြီး၊ ခရိုင် သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်နီနီဝင်းက စပါးတွင် ကျရောက်တတ်သော စပါးဖျက် ပိုးမွှားရောဂါများအကြာင်းနှင့်ကာကွယ်နှိမ်နင်းနည်းများကို ရှင်းလင်းပြောကြားခဲ့ကြသည်။


အဆိုပါဆွေးနွေးပွဲသို့ ကွန်းတောင်ကျေးရွာအုပ်စု၊ ပဒေသာကျေးရွာအုပ်စုနှင့်ရှင်တော် ကျေးရွာအုပ်စုတို့မှ တောင်သူ ၄၀ ဦး တက်ရောက်ခဲ့ကြပြီး၊ တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ စိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝစူပါဘိုကာရှီမြေဩဇာပြုလုပ်သုံးစွဲနည်း တို့ကို လက်တွေ့သရုပ်သခဲ့ကြောင်းသိရသည်။ 


နီထွန်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)