မုံရွာတက္ကသိုလ်၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ပွဲတော် ဒုတိယ‌နေ့ ဆက်လက်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာတက္ကသိုလ်၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ပွဲတော် ဒုတိယ‌နေ့ ဆက်လက်ကျင်းပ



MNP ၊  စက်တင်ဘာ  ၆

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ်၌ လူငယ်သီတင်းပတ်(Youth Week)အဖြစ် သတ်မှတ်၍ လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဘက်စုံဖွံဖြိုးရေးအတွက် ရည်ရွယ်ပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ပွဲတော်ကို စက်တင်ဘာ ၄ ရက်နေ့က စတင်ပြီး အဆိုပါတက္ကသိုလ်ဘွဲနှင်းသဘင်းခန်းမရှေ့၌ ကျင်းပပြုလုပ်ပေးလျက်ရှိရာ စက်တင်ဘာနေ့နံနက်ပိုင်းက ဒုတိယနေ့တွင်လည်း ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို စည်ကားသိုက်မြိုက်စွာ  ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


ဦးစွာ(အရှေ့တိုင်း)ပါမေက္ခဌာနမှူး ဒေါက်တာလှလှမြင့်က ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ စည်းမျဥ်းများအား ရှင်လင်းပြောကြားသည်။


ထို့နောက် ပြိုင်ပွဲအား လက်ဆက်ကျင်းပရာ  မုံရွာတက္ကသိုလ် ပါမောက္ခချုပ်ကြီး ဒေါက်တာအောင်ကျော်သင်နှင့်အတူ အမှတ်ပေးဒိုင်အဖွဲ့များ၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးကြီးများနှင့် ပါမောက္ခများ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ တိုင်းဒေသကြီး၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်းအင်အား(၁၃၀၀)ကျော်တို့က ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် မုံရွာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူလေးများက အဖွဲ့(၆)ဖွဲ့ခွဲ၍ ပါဝင်ယှဥ်ပြိုင်နေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြပြီး  ပြိုင်ပွဲအလိုက် ထူးချွန်ဆု ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား မုံရွာတက္ကသိုလ် ပါမေက္ခချုပ်ကြီး ဒေါက်တာအောင်ကျော်သင်က ဆုများအသီးသီးပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။


အဆိုပါ မုံရွာတက္ကသိုလ်တွင် ကျင်းပပြုလုပ်လုပ်သော ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ပွဲတော်ကို စက်တင်ဘာလ ၄ ရက်နေ့မှ စတင်ပြီး စက်တင်ဘာလ ၈ ရက်နေ့အထိ ဂီတဆည်းဆာ ပြိုင်ပွဲများကို ဆက်လက်ကျင်းပပေးပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)