MNP ၊ စက်တင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ စတိုးဆိုင်များ၊ ကုန်ပစ္စည်းအရောင်းဆိုင်များတွင် စားသောက်ကုန်ပစ္စည်း အမျိုးအမည်များခွဲခြားရောင်းချခြင်း၊ ကုန်အမှတ်တံဆိပ်များ ခွဲခြားရောင်းချခြင်း ရှိ/မရှိစစ်ဆေးခြင်းကို တာ၀န်ရှိသူများက ယမန်နေ့နေ့လယ်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ချမ်းမြသာစည်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်၊ အတွင်းရေးမှူး ရဲမှူးဇော်ဝင်းကျော်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်အောင်နှင့် တာ၀န်ရှိသူများက မြို့နယ်အတွင်းရှိ စတိုးဆိုင်ကြီးများ၊ ကုန်ပစ္စည်းအရောင်းဆိုင်များ၊ စားသောက်ဆိုင်ကြီးများတွင် ဥပဒေအရတားမြစ်ကန့်သတ်ကုန်စည်များ မရောင်းချရေး၊ ကုန်ပစ္စည်းအမျိုးအမည်များ ခွဲခြားရောင်းချခြင်းနှင့် ကုန်အမှတ်တံဆိပ်များ ခွဲခြားရောင်းချခြင်းများ ရှိ/မရှိ စစ်ဆေးခဲ့ရာ မရှိကြောင်းစစ်ဆေးတွေ့ရှိခဲ့ပြီး စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများရောင်းချရာတွင် ကုန်အမှတ်တံဆိပ်များ ခွဲခြားရောင်းချခြင်းမပြုလုပ်ရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခင်စိမ်း၀င်း
https://t.me/MyanmarNationalPost
No comments:
Post a Comment