၂၀၂၃ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(တိုင်းဒေသကြီးအဆင့်) ဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၃ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(တိုင်းဒေသကြီးအဆင့်) ဖွင့်ပွဲကျင်းပ


MNP ၊ စက်တင်ဘာ ၂၀

၂၀၂၃ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(တိုင်းဒေသကြီးအဆင့်) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင်  မရမ်းကုန်းမြို့နယ်ရှိ MCC ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံဂီတ၊ သဘင်အစည်းအရုံးမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီအသီးသီးတို့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲ အကဲဖြတ်ပညာရှင်များ၊ ပြိုင်ပွဲဝင်များနှင့် မိသားစုဝင်များ၊ အနုပညာချစ်မြတ်နိုးသူ ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက်  ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ပြိုင်ပွဲဝင်များ၊ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)၊ စမ်းချောင်းမြို့ နယ်၊အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေရေးအစီအစဉ်များအတိုင်း ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ဖျော်ဖြေတင်ဆက်ခဲ့သည့် ပြိုင်ပွဲဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ကာ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးပြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲခန်းမ အသီးသီး၌ ပြိုင်ပွဲဝင်များ၏ ပါဝင်ယှဉ်ပြိုင်နေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(တိုင်းဒေသကြီးအဆင့်) ပြိုင်ပွဲကို စက်တင်ဘာ ၂၂ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

            

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)