နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်တို့နှင့် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်တို့နှင့် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ












MNP ၊ စက်တင်ဘာ ၁၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ ၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် စက်တင်ဘာ(၁၇)ရက် နံနက်(၁၁)နာရီခွဲက "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင် ၊မက်မန်းမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်မက်မန်းခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာ များ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မြို့ပြနှင့်ကျေးလက် ကွာဟမှုမရှိအောင် ဟန်ချက်ညီညီ ဆောင်ရွက်နေပါကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းသာယာရေးအတွက် ဒေသရှိ ပြည်သူများမှဝိုင်းဝန်း ဆောင်ရွက်ပေးကြရန်လိုပါကြောင်း၊ စီးပွားရေးကဏ္ဍတွင်လည်း စိုက်ပျိုးရေးကို အခြေခံသောကြောင့် လိုအပ်သောဓါတ်မြေသြဇာများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်ရန်နှင့် ပညာရေးကဏ္ဍတွင်လည်း နိုင်ငံတော်အတွက် အရေးပါသောကြောင့် နိုင်ငံတော်မှ ပညာရေးစနစ်ကို အခမဲ့ဆောင်ရွက် နေသည့်အချိန်တွင် ကလေးများကျောင်းနေနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးစားပေးကြရန် ပြောကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက နှုတ်ခွန်းဆက်စကား ပြောကြားရာ မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို တိုင်းရင်းသားများဖြင့် ဆောင်ရွက်နေပါကြောင်း ၊ ပညာရေးကဏ္ဍသည် အရေးကြီးပြီး လူငယ်လူရွယ်များကို ဗလငါးတန်ဖြင့် ဆောင်ရွက်နေပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နည်းဥပဒေတွင်ပါရှိသည့်စည်းမျဉ်းစည်းကမ်းများကို သိရှိပြီးဖြစ်၍ မိမိတို့ ကိုယ်တိုင်စည်းကမ်းရှိရန်နိုင်ငံနှင့်ဌာနအပေါ် စည်းကမ်းရှိရန်လိုအပ်ပါကြောင်း၊ ဒေသတွင် လိုအပ်ချက် များရှိပါက တင်ပြဆွေးနွေးပေးကြရန် ပြောကြားသည်။


ဆက်လက်၍ တက်ရောက်လာကြသော ဒေသခံပြည်သူများနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ဒေသလိုအပ်ချက်များ တင်ပြဆွေးနွေးကြသည်။ တင်ပြဆွေးနွေးမှုများအပေါ် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဖြည့်စွက်ဆွေးနွေး တင်ပြသည်။


ထို့နောက် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၊မက်မန်းခရိုင်၊မြို့နယ်ရှိဌာနဆိုင်ရာများ၊ တိုင်းရင်း သားစာပေယဉ်ကျေးမှုအဖွဲ့များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရန်ကျော် ၊ ဦးရွှေကြိမ်း ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်တို့က စားသောက်ဖွယ်ရာပစ္စည်းများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြရာ တာဝန်ရှိသူများမှအသီးသီး လက်ခံရယူကြသည်။


၎င်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်   VDP ရန်ပုံငွေများကို  စီမံကိန်းအဖြစ် ကျေးရွာ(၁၀)အား ထောက်ပံ့ငွေများပေးအပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်၊ဦးရွှေကြိမ်း ၊ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး ၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ် ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေး ချုပ် ပြည်နယ်ညွှန်ကြားရေးမှူးတို့က ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ အသီးသီးလက်ခံရယူ ကြသည်။


ထို့နောက် မက်မန်းမြို့ ၊ ထေရဝါဒ ဗုဒ္ဓသာသနာပြု ပညာဒီပဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဆရာတော် ဘဒ္ဒန္တစန္ဒသိရီ(မဟာသဒ္ဓမ္မဇောတိကဓဇ)အား ဖူးမျှော်ကြည်ညိုကန်တော့၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ဦးရန်ကျော်၊ ပြည်နယ်ဝန်ကြီးချုပ်၊ "ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ ဦးညီနပ်၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့ နဝကမ္မအလှူငွေနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းပေးကြသည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် မက်မန်းမြို့ ၊ ပြည်သူ့ဆေးရုံ သို့ သွားရောက်၍ ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူများကို အားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ဆေးရုံအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ် ဝန်ကြီးများ ၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တို့က ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ရာ ဆေးရုံတာဝန်ရှိသူတို့မှ လက်ခံရယူကြကြောင်း သိရသည်။


ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည်ရှမ်းပြည်နယ် အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော မက်မြို့ရှိ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနတွင် ဥစားကြက်မွေးမြူရေးသရုပ်ပြခြံနှင့် မျိုးဝက်သိုးခြံ နေပီရာမြက် စိုက်ပျိုးထားရှိမှုကို လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ ၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင် ၊ မက်မန်းမြို့ရှိ နယ်ခြားစောင့်တပ်မှ ကြက်ကောင်ရေ(၃၀၀) မွေးမြူထားသော ကြက်ခြံသို့ သွားရောက် ကြည့်ရှုကြသည်။

       

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)