ကျွန်းစုမြို့တွင် အ.ထ.က တာရပိုင်းကျောင်း၌ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အားကစား ခေါင်းစဉ်တို့ဖြင့် လူငယ်စကားဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းစုမြို့တွင် အ.ထ.က တာရပိုင်းကျောင်း၌ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အားကစား ခေါင်းစဉ်တို့ဖြင့် လူငယ်စကားဝိုင်း ကျင်းပ

 






MNP ၊  စက်တင်ဘာ  ၈

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က တာရပိုင်းကျောင်း၌ ကျင်းပခဲ့သည်။


လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျောင်းသား/ကျောင်းသူ လူငယ်များ အသိပညာများ တိုးတက်လာစေရန်၊ စာပေအပေါ် လေးစားတန်ဖိုးထားတတ်စေရန်၊ စာပေအသိမှ ပရိတ်သတ်အရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိရှိလာစေရန်၊ လူ့ဘောင်အဖွဲ့အစည်းတွင် ရင်းနှီးချစ်ခင်စွာ ပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း အသိပညာအတတ်ပညာတွေ ဖလှယ်တတ်စေရန်၊ တစ်ဦးနဲ့တစ်ဦး ယဉ်ကျေးမှုများရှိပြီး ပူးပေါင်း ဆောင်ရွက်တတ်စေရန်၊ အမှားအမှန်ခွဲခြားတတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ် တိုးတက်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအေးစိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက လူငယ်စကားဝိုင်း ကျင်းပရသည့်  ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်ပပထွန်းက အားကစား ကဏ္ဍ မြှင့်တင်ရေးအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာလင်းက လူငယ်စကားဝိုင်းပြုလုပ်ရခြင်းအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


ထို့နောက် ဆွေးနွေးပွဲကို လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်အားကစား ခေါင်းစဉ် တို့ဖြင့် မြို့နယ် ပြန်/ဆက် ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သန်းဖြူလွင်၊ Grade-11 မှ မောင်ကောင်းမြတ် ဝင်း၊ Grade-10 မှ မနိုးနိုးဇူးဟန်၊ မချယ်ရီဝင်းအောင်၊ မထက်သဉ္ဇာဆန်းတို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။


ဆက်လက်၍ မြို့နယ် ပြန်/ဆက်ဦးစီးဌာန၊ ဝန်ထမ်းများက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။


ထက်မြင့်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)