မိုင်းရယ်မြို့နယ်တွင် စာသုံးဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရေးနှင့် ဈေးကွက်အတွင်း လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ရေး တာဝန်ရှိသူများကစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းရယ်မြို့နယ်တွင် စာသုံးဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရေးနှင့် ဈေးကွက်အတွင်း လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ရေး တာဝန်ရှိသူများကစစ်ဆေး



MNP ၊  စက်တင်ဘာ  ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် တာဝန်ရှိသူအဖွဲ့သည် မိုင်းရယ်မြို့နယ်တွင် စားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရေး၊ ဈေးကွက်အတွင်း စားသုံးဆီပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့် လွယ်လင့်တကူဝယ်ယူရရှိနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီမှစ၍ အမှတ်(၁)ရပ်ကွက်ရှိ စားသုံးဆီအရောင်းဆိုင်(၃)ဆိုင်တွင်  စစ်ဆေးခဲ့ကြသည်။


ထိုသို့စစ်ဆေးရာ၌ မိုင်းရယ်မြို့နယ်တွင် စားအုန်းဆီတင်သွင်းဖြန့်ချိသော လုပ်ငန်းများ၊ ကုမ္ပဏီများ၊ ကိုယ်စားလှယ်များမရှိဘဲ အသင့်ထည့်ပြီး ပဲဆီ၊ နေကြာဆီ၊ ပုဇွန်ဆီများသာ ရောင်းချလျက်ရှိကြောင်းတွေ့ရှိရပြီး စားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရေး၊ ဈေးကွက်အတွင်း ပြတ်လပ်မှုမဖြစ်ပေါ်စေရေးနှင့် လွယ်လင့်တကူဝယ်ယူရရှိနိုင်ရေး၊ စားသုံးသူ (End User) များ ဝယ်ယူသည့်အချိန်ထိ ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေးတို့အတွက် ကွင်းဆင်းကြပ်မတ်စစ်ဆေးခဲ့ကြောင်း သတင်းရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)